သူ့ဆီမှာရှိတဲ့အိတ်က ထိုလူဟာထက်ပိုကြီးသောကြောင့် ပစ္စည်းတွေအားလုံးကို သူ့ရဲ့ကိုယ်ပိုင်အိတ်ထဲကို ရွှေ့လိုက်သည်။ထိုအရာက သူ့ရဲ့ပိုင်ဆိုင်မှုတွေထားဖို့ တစ်ရာစတုရန်းမီတာကျယ်ဝန်းသည့် အခန်းတစ်ခန်းနှင့်တူပေသည်။
ဒီမှော်အိတ်သည် မိဘမဲ့ဂေဟာကျောင်းအုပ်ကြီးဆီမှ ရရှိခဲ့တာဖြစ်ပြီး ထိုထဲတွင် အဝတ်အစားအချို့ရယ်၊နေမင်းဂိုဏ်းကိုဝင်ဖို့ ရွှေပြားနှစ်ဆယ်နဲ့ လွန်ခဲ့သောနှစ်ရက်က မွေးနေ့လက်ဆောင်အဖြစ်ရရှိခဲ့သည့် ငါးထောင့်ပုံပါ စာအုပ်တစ်အုပ်သာရှိသည်။
ကျောင်းအုပ်ကြီးသူ့ကိုပြောခဲ့သည်မှာ ထိုစာအုပ်သည် သူ့မိဘတွေဆီမှ သူ့အသက်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့တွင်ပေးရန် ကတိပေးထားခဲ့သောစာအုပ်ဖြစ်ပြီးထိုအခါမှသာ ဂိုဏ်းတစ်ခုခုကိုသူဝင်ရောက်နိုင်မည်ဖြစ်သည်။သူ့မိဘတွေက သူ့ရဲ့လုံခြုံမှုအတွက်စိုးရိမ်နေကြသည်ဟု ကျောင်းအုပ်ကြီးကပြောခဲ့ပြီး ဒါကြောင့်သာသူမိဘမဲ့ဂေဟာတွင်ရှိနေရခြင်းဖြစ်သည်ဟုဆိုသည်။ထိုရွှေပြားနှစ်ဆယ်မှာလည်း သူ့မိဘတွေချန်ထားခဲ့သော အမွေတစ်ခုဖြစ်သည်။
Kevin၏မှတ်ဉာဏ်တွေအရ ဤကမ္ဘာသည် သူအရင်ကနေထိုင်ခဲ့သော ကမ္ဘာနှင့်လုံးဝကွဲပြားနေကြောင်း သိရှိနိုင်သည်။
ဒီနေရာတွင်သေနတ်မရှိသလို သူအရင်ကသုံးခဲ့သော နည်းပညာများလည်းမရှိဘဲ အားလုံးက မှော်ပညာဖြင့်အစားထိုးခံလိုက်ရသည်။ဒီကမ္ဘာကိုအမျိုးအစားသုံးမျိုးက အုပ်စိုးနေသည်ပင်။လူသားများ၊အသွင်ပြောင်းသူများ(တိရစ္ဆာန်အသွင်အပြင်များဖြင့်)နှင့် သူတို့နှစ်မျိုးလုံး၏ရန်သူဖြစ်သည့် နတ်ဆိုးများပင်ဖြစ်၏။
လူသားများနှင့်အသွင်ပြောင်းသူများက မှော်ဆရာများ၊ တိုက်ခိုက်သူများဖြစ်နိုင်ကြသော်လည်း အသွင်ပြောင်းသူများက သေချာပေါက်ကိုလူသားများထက်ပို၍ သန်မာကြသည်။
သို့သော်လည်း လူသားများတွင် ပါရမီရှင်များစွာရှိပြီး အသွင်ပြောင်းသူများထက်ပင် သာလွန်သူများရှိသည်။နတ်ဆိုးတွေကတော့ အသန်မာဆုံးမျိုးနွယ်ဖြစ်သော်လည်း သူတို့ရဲ့မျိုးပွားနိုင်စွမ်းနည်းပါးမှုကြောင့် အရေအတွက်လည်း နည်းပါးလှသည်။ဒါကြောင့်သာ လူသားများနှင့်အသွင်ပြောင်းသူများက နတ်ဆိုးများကိုဖိနှိပ်နိုင်ကြခြင်းဖြစ်သည်။ဤအရာအားလုံးသည် Kevin၏မှတ်ဉာဏ်ထဲမှ သူရှာဖွေတွေ့ရှိသမျှအားလုံးပင်ဖြစ်၏။

YOU ARE READING
အစွမ်းထက်တဲ့မှော်System!!(Myanmar translation)
ActionThis story is not mine. Just for fun translation. All credits to original author,translator and publisher. Photo crd to Pinterest. Thanks for reading. Hope you enjoy!!!