ထိုလူက crystal လုံးကို ကြည့်နေသည်မှာ သူမြင်နေရတာကို မယုံကြည်နိုင်သကဲ့သို့ပင်။နောက်ဆုံးတွင်ေတာ့ သူသည်မြင်နေသောအရာကို ယုံကြည်လာပုံရသည်။
Crystalလုံးရဲ့အလယ်မှာ ငွေရောင်မီးပွားေလး ပေါ်ထွက်လာပြီး ထိုမီးပွားလေးတွေက သေးငယ်သော လျှပ်စစ်အဖြစ်ပြောင်းသွားပြီး ထူးဆန်းသည့်ဒီဘောလုံးရဲ့ မျက်နှာတစ်ပြင်လုံးပျံ့နှံ့နေသည်။
အဲ့ပေါ်မှာရှိတဲ့သူ့လက်က အပြင်းအထန်ပူလာပြီး လက်ဖယ်လိုက်တော့ သူ့လက်မှာလောင်ကျွမ်းတာကို ခံစားလိုက်ရ၍ သူ့လက်ကိုကြည့်မိတော့ တကယ်ကို မီးလောင်ဒဏ်ရာဖြစ်နေသည်။
ထိုသူက စားပွဲကိုပတ်လျှောက်လာပြီး သူ့(Kevin)လက်ကိုယူလိုက်ကာ သူ့လက်နဲ့ဖုံးအုပ်လိုက်တော့ အစိမ်းရောင်အလင်းလေးပေါ်လာသည်။
သူ(Kevin)ခံစားနေရတဲ့ နာကျင်မှုကချက်ချင်းပျောက်သွားပြီး လူကြီးကသူ့လက်ကို ပြန်ဖယ်လိုက်တဲ့အခါမှာ မီးလောင်ဒဏ်ရာပါမရှိတော့ပေ။
သူ အော်လိုက်မိသည်။
"မိုက်လိုက်တာ!ကျေးဇူးပါ sir!"
လူကြီးသည် နောက်ဆုံးတော့ သူ့ကိုယ်သူမိတ်ဆက်ရန်ဆုံးဖြတ်လိုက်သည်။
"ရပါတယ်။မင်းငါ့ကို Alanလို့ခေါ်နိုင်တယ်။မင်း နေမင်းဂိုဏ်းကိုဝင်လာတဲ့အခါမှာ ငါကမင်းရဲ့ စီနီယာတွေထဲကတစ်ယောက်ဖြစ်လာလိမ့်မယ်"
Alanက နေမင်းဂိုဏ်းမှ နာမည်ကြီးမှော်ဆရာဖြစ်ပြီး သူ့၏အာရုံစူးစိုက်မှုမှာ အလွန်ကောင်းသည်။သူသည် Kevinရဲ့မေးစေ့ကို လက်နဲ့ကိုင်လိုက်ပြီး ခေါင်းလှည့်ကာကြည့်လိုက်တော့ ဦးခေါင်းဒဏ်ရာကို မြင်လိုက်ရ၍ မျက်မှောင်ကျုံ့လိုက်သည်။
သူသည် စစ်ေဆးကြည့်ပြီး မေးလိုက်သည်။
"သွေးတွေကလက်ဆတ်ေနသေးပေမဲ့ မင်းရဲ့ဒဏ်ရာကကုသပြီးပုံပေါ်နေတယ်။မင်းဆီမှာ ဘာဖြစ်ခဲ့တာလဲ??"
Kevinက သူ့ရဲ့ခေါင်းမှာ ဒဏ်ရာရှိတာကို မေ့တောင်မေ့နေပြီဖြစ်ပြီး သေချာပေါက် အမှန်တိုင်းလည်း ပြောပြ၍မဖြစ်နိုင်ပါ။
YOU ARE READING
အစွမ်းထက်တဲ့မှော်System!!(Myanmar translation)
ActionThis story is not mine. Just for fun translation. All credits to original author,translator and publisher. Photo crd to Pinterest. Thanks for reading. Hope you enjoy!!!