"Jinnieကိုယ့်ရဲ့မွေးနေ့ပွဲကိုလာမှာမလား...""မင်းအခေါ်အဝေါ်တွေပြင်ရင်စဥ်းစားပေးမယ်Jimin shii"
"Hyungကျွန်တော့မွေးနေ့ကိုလာခဲ့ပါနော်..."
"စဥ်းစားဦးမယ်.."
"Park Seokjin shiiလာခဲ့အောင်လာပါဗျာ...မဟုတ်ရင်..ကျွန်တော်ကHyungဆီလာပြီး...နားပူနာဆာလာလုပ်မှာ..."
"သိဘူး..လာမှာမလာမှာကငါ့အပိုင်း..အလုပ်တွေရှိသေးလို့ဒါပဲနော်.."
ဆော့ဂျင်တစ်ယောက်Jiminနှင့်ဖုန်းပြောပြီးသည်အထိအရယ်မသတ်နိုင်သေး....
Park Jiminဟာလေ....သူ့ကိုဆိုအရမ်းကပ်လွန်းသည်..... ညီတစ်ယောက်ကအကိုအားကပ်သည်မှာမဆန်းပေမဲ့....ဒင်းကတော့ထိုကဲ့သို့မဟုတ်...သူ့မွေးနေ့နီးမှသာအတင်းလိုက်ကပ်လေသည်...လူကိုဟန်းဂုကိုအတင်းပြန်လာခိုင်း....ပြီးရင်လိုချင်တဲ့ပစ်စည်းရှိရင်....သူ့ကိုဝယ်ပေးအောင်လည်းချွဲနွဲ့ပြီးပြောသေးသည်....
အရူးကောင်လေး...အခုလည်း...သူ့မွေးနေ့အားလာရန်အတင်းခေါ်နေသေးသည်....သူကJiminမပြောခင်ကတည်းက...ဟန်းဂုကိုအပြီးပြန်လာဖို့စီစဥ်ပြီးသား...သက်သက်မဲ့Jiminကိုကလိလိဖြစ်အောင်လို့......
-------------
မွေးနေ့ပွဲနေ့၌jiminကတော့သူ၏ဟျောင်းအားမျှော်နေလေသည်....
သူပြောထားပါတယ်...Hyungကိုလာခဲ့ဖို့....
ဘာလို့များမလာသေးရတာတုန်း...ဒါမှမဟုတ်မလာများမလာတော့ဘူးလား....
Jiminမှာတော့သူ၏Hyungမလာတော့ဘူးအထင်နှင့်မျက်နှာလေးမှန်ကုတ်နေသည်....ထိုအခိုက်မှာပဲ...သု၏နောက်ကမျက်လုံးအားလက်နှင့်အုပ်လိုက်သည့်အတွက်ကြောင့်အရှေ့သို့ဘာမှမမြင်ရတော့....Hyungကိုမျှော်နေလို့ခါးမသိ...Hyungရဲ့ကိုယ်သင်းနဲ့မွှေးမွှေးလေးတောင်ရနေသလို.....
"Jiminie"
ထိုအခိုက်မှာတော့Jimin၏နှုတ်ခမ်းလေးမှာပွင့်အာ၍အံသြလျက်...
"Hyung...မလား...Jinnie..ကိုယ်ကမလာတော့ဘူးထင်နေတာ..."
ပြောပြီးသည်နှင့်သူ့မျက်လုံးများအားအုပ်ထားသောဆော့ဂျင်၏လက်ကလေးအားဖြုတ်ချကာ...ဆော့ဂျင်၏ရင်ခွင်ထဲသို့ဝင်ရောက်လေသည်...
ဆော့ဂျင်မှာလည်းသူ၏ညီငယ်လေးအားထွေးပွေ့ထားလေသည်...