လေတစ်ချက်တိုးအဝှေ့၌လွင့်စင်ထွက်လာသောသစ်ရွက်ခြောက်များကချဲကနဲ....
ဆောင်းကုန်တော့မှာမို့..ရွက်ကြွေတွေများသည်လေ...
သစ်ရွက်ခြောက်များအားသူနင်းဖြတ်တော့...တချောက်ချာက်နှင့်....
အရင်ကဒီလမ်းလေးကိုဖြတ်လျှောက်တာ...သူတစ်ယောက်တည်းမဟုတ်..နံဘေး၌သူ့အားကပ်ချွဲတတ်သည့်ကောင်လေးတစ်ယောက်ပါသေးသည်....
ဆိုင်တံခါးလေးအားဖင့်၍သူ၏တနေ့တာလုပ်ငန်းများကိုစတင်ရပေဦးမည်...
တကယ်တော့ဒီဆိုင်လေးထဲမှာလည်းအထီးကျန်၍ကျန်နေခဲ့သည်ကသူပဲပေါ့....
အရာအားလုံးအတွက်မည်သူ့အားအပြစ်တင်ရမည်နည်း...အရှက်အကြောက်ကြီးလွန်းသည့်သူ့ကိုသူလား....ဒါမှမဟုတ်..သူ့အားမျက်နှာတောင်လာမပြဘဲထွက်သွာူခဲ့သည့်ထိုကောင်လေးကိုလား...
အမှတ်တရများအားပြန်တွေးလိုက်သောအခါ...နာကျင်လာသည့်တနေရာ...
သူအခုထိထိုကောင်လေးအားချစ်နေတုန်းနဲ့တူပါတယ်။
တချိန်က သူတို့အနာဂတ်ကျရင်....ဆိုင်ဖွင့်မည်ဟုရည်ရွယ်ထားသည့်ထိုဆိုင်နေရာလေးအားလည်း...ထိုကောင်လေးနှင့်ဝေးကွာသွားသည့်အချိန်မှာတောင်သူက ဝယ်ခဲ့ပြီး..ကိတတ်ဆိုင်လေးဖွင့်ထားခဲ့သည်လေ။
အပြစ်မဆိုပဲ...အရမ်းချစ်ခဲ့တာမို့လို့။
တောင်းပန်ပါတယ် အတူတူရှိခဲ့စဥ်ကပတ်ဝန်းကျင်ကိုပဲဂရုစိုက်မိတဲ့အတွက်....
တကယ်ဆိုသူ့ချစ်ရသူမျက်နှာပဲအမြဲကြည့်ပြီးနေခဲ့ရမှာလေ။.......
ဆိုင်အတွင်းလူကျနေပြီဖြစ်သည့်အတွက်..စားပွဲထိုးကောင်လေးများနှင့်အတူသူပါပျာယာခတ်နေသည်...အရင်နေ့များတွင်မုန့်ပို့ပေးရသည်များကိုအိမ်အကူကောင်လေးအားလုပ်ခိုင်းသော်လည်း....ယနေ့မှသူကိုယ်တိုင်သွားပို့ချင်နေသလို..။
ဆိုင်အားကောင်လေးများနှင့်ထားခဲ့ကာ...
သူ၏ဘက်ထရီဆိုင်ကယ်လေးဖြင့်
Moon'min ကုမ်ပဏီသို့ထွက်လာခဲ့လိုက်သည်....ထိုကုမ်ပဏီရှေ့သို့ရောက်သောအခါ...ဂိတ်စောင့်ဦးလေးကြီးအားထိုမုန့်ထုပ်လေးပေးခဲ့၍..ပြန်ထွက်မည်အလုပ်...