လွယ်အိပ် ကြိုးလေးနှစ်ဖက်အားတင်းနေအောင်ဆုပ်ကိုင်ကာ လမ်းတစ်လျှောက်သူခုန်ဆွခုန်ဆွ သွားနေလိုက်သည်။
ယုန်ခုန်ခုန်လိုက် လျှောကြလာသည့် မျက်မှန်လေးအားလက်လေးနှင့်အသာပင့်တင်လိုက်နှင့် လူရှင်းသည့် လမ်းကြားလေးထဲတွင် ခုန်ပေါက်ဆော့ကာ ေကျာင်းသို့သွားနေလျက်
".ဆော့ဂျင်နီဒီတစ်သတ်ကျောင်းရောက်အုံးမှာလား "
သူ့ဘေးမှစက်ဘီးဖြင့်ဖြတ်သွားသော သူငယ်ချင်းများက လှမ်းအော်လိုက်သောအသံပင်
"ရောက်ပါတယ်နော် ခနနေရင် ကျောင်းရောက်တော့မှာပါ "
စက်ဘီးအမြီးသာ မြင်ရသော သူ့အတန်းဖော် များအား ပြန်အော်ပြောကာ သူကတော့
ခုန်ဆွခုန်ဆွဆော့နေတုန်းပင်ရုတ်တရက် သူ့ရှေ့မလှမ်းမကမ်းတွင် ကောင်လေးတစ်ယောက်အား အုပ်စုဖွဲ့ကာ ဝိုင်းအနိုင်ကျင့်နေကြသောသူများ ၊ခံနေရသည့် ထိုကောင်လေးကလည်း ထိုလူများအလစ်တွင် အနားရှိသစ်ကိုင်းခြောက်ကြီးကြီး တစ်ခုနှင့်ဆွဲရိုက်ကာ သူ့ဘက်သို့ ဝရုန်းသုန်းကားပြေးလာ၏
အဲ့ဒါသွားတာပဲ ရန်ပွဲတွေထဲ သူဝင်မပါချင်။ ယခု ထိုအရှေ့မှရန်ဖြစ်နေသည့်အဖွဲ့က သူ့ထံတန်းတန်းမတ်မတ်ကြီးပြေးလာနေပုံ။
ကြံရာမရသည့်အဆုံးသူလည်း နံဘေးရှိ လမ်းကြားတစ်ခုထဲဝင်၍ ထိုလမ်းကြားထဲရှိ အမှိုက်ပုံ ကြီးကိုကျောပေးကာရပ်နေလိုက်သည်။ ဟုတ်တယ်လေ အမှိုက်ပုံကြီး က ဒီလောက်နံဟောင်နေတာ သူဝင်လည်းမပုန်းချင် ။ကျောပေးနေတာကသာအကောင်းဆုံးပဲ။
ချပ် ချပ် ချပ်
သူ့အနောက်မှ ကြားလိုက်ရသော ခြေသံ ။
ရန်ဖြစ်နေသည့်အုပ်စုအသံများကလည်း တဖြည်းဖြည်းနီးကပ် လာချေပြီ။ရုတ်တရက် သူ့ပါးစပ်အားအနောက်မှဆွဲပိတ်ကာ သူ့တစ်ကိုယ်လုံးအားထိန်းချုပ်ထားသော လက်ဖြူဖြူသွယ်သွယ်များ
"မရုန်းနဲ့ "
ေအးစက်စက်ရှတတ ထိုအသံကအမိန့်သံတခုလို ။ ထိုလူ့လက်ထဲတွင် သူငြိမ်ငြိမ်ကလေးသာ ေနနေလျက်ပင်။