"မင်းကိုပြန်မကြိုက်နိုင်ဘူးပြောနေတယ်လေ"
ဆူညံနေသောအတန်းတစ်ခုလုံးအားလွှမ်းသွားစေသည့်ထိုအသံ ၊
စီနီယာအတန်းထိ အားတင်းကာ လာဖွင့်ပြောရသောဆော့ဂျင်လေးမှာ ထိုသို့ပြောသည်ကိုတောင်လက်မလျှော့သေးပေ။
"မဟုတ်ဘူးလေ ကိုကိုကလည်း ၊ကျွန်တော်က ကိုကိုထယ့်ကိုအများကြီးချသ်နေတာမို့ ကိုကိုထယ်က ကျွန်တော့်snow ball လေးကိုလက်ခံပေးလို့မရဘူးလားဟင် "
ထယ်ယောင်းတစ်ယောက်ဆံပင်အားသပ်ချလိုက်ကာ သက်မရှိုက်လိုက်လေသည်။
ဘယ်လိုစိတ်ရှုပ်စရာလေးမှန်းကိုအသိ။
"ငါမင်းကို လက်မခံနိုင်ဘူးပြောနေတာလေ ကင်ဆော့ဂျင်!!!"
"အဲ့လိုကြီးမအော်ပါနဲ့ ဂျင်က ကိုကို့ကိုချစ်လို့လေ "
ဆော့ဂျင်ဟာလက်မလျော့သေး ၊snow ballလေးအားထယ်ယောင်းရှေ့သို့ထပ်ကမ်းပေးပြန်သည်။
"ကျွန်တော့် snow ball လေးကိုလက်ခံပေးရုံပါပဲ "
"ဟာကွာ!"
တွန့်ချိုးနေသောမျက်ခုံးတန်းများနှင့်ကိုကိုထယ်က သူ့အားစူးရဲစွာစိုက်ကြည့်ကာသူ့လက်ထဲမှ snow ballလေးအား နံဘေးသို့ပြစ်ခွဲလိုက်သည်။
ကိုကိုထယ်ကရက်စက်လိုက်တာ။
ကိုကိုက သူ့အကြိုက်ဆုံး အရာလေးကိုရက်ရက်စက်စက်လုပ်တယ် ။
"အင့် အီးဟီး ကိုကိုရက်စက်တယ် "
"ဟင့် ကိုကို့ကိုမနှောင့်ယှက်တော့ပါဘူး "
"အီးဟီးးးသားက ကိုကို့ကိုမြတ်နိုးလို့ မြတ်နိုးရတဲ့snow ballလေးပေးတာကို ကိုကိုကပစ်ခွဲတယ် "
"အီးးးဟီးးးး ကိုကိုကအသည်းနှလုံးမရှိဘူး"
ကောင်လေးက ထိုနေရာမှ ခြေဆောင့်ကာတရွေ့ရွေ့ထွက်သွားလေသည်။
ရင်ထဲမှာ ဝမ်းနည်းနေသလို၊ဘယ်လိုမှန်းမသိသည့်ခံစားမှုကြီးခံစားရပေမဲ့လည်း၊ထိုခံစားမှုကဘာကြောင့်မှန်းမသိ။
သူ ပစ်ချလိုက်သော snow ballလေးအားပြန်လည်ကောက်ယူလိုက်ကာ ကွဲကြေသွားသောအပိုင်းအစလေးများပါမကျန် အိတ်ထဲသို့ထည့်လိုက်သည်။