ကျောင်းအသစ်သို့ပြောင်းလာသည့် ဆော့ဂျင်လေးမှာ သူနှင့်ခင်သည့်လူမရှိသေးသည့်အတွက်ကြောင့် စာသင်ခန်း၏နောက်ဆုံးခုံ၌သာ မျက်နှာငယ်လေးနှင့်ထိုင်နေခဲ့သည်
ရုတ်တရက်သူ၏အရှေ့သို့ရောက်လာခဲ့သော ခြေတံဖွေးဖွေးလေး
ထိုခြေတံပိုင်ရှင်လေး၏မျက်နှာအားမော့ကြည့်လိုက်လေတော့ သူ့အား အတောက်ပဆုံးပြုံးပြနေသည့်ကောက်လေးတစ်ယောက်
ထိုကောင်လေးမှာသူ့အား လက်လေးကမ်းပေးကာ သူ့နာမည်သူမိတ်ဆက်နေသည်"အာညော် ဂျောင်ဟိုဆော့ပါ အသက်က ၁၀နှစ်"
သူလည်းထိုကောင်လေး၏လက်အားပြန်လည် ဆွဲကိုင်လိုက်ကာ
"ကင်ဆော့ဂျင်ပါ အသက်ကတူတူပဲ"
သူပြန်မိတ်ဆက်လေတော့ ထိုကောင်လေးဟာသူ့အား အတောက်ပဆုံးပြုံးပြပြန်သည်
"ဆော့ဂျင်နီ က ငါနဲ့သူငယ်ချင်းလုပ်မယ်မလား"
ထိုကောင်လေး၏အမေးအား သူခေါင်းလေးငြိမ့်ပြကာ သဘောတူမိသည်
"ဆော့ဂျင်နီမှာပါးဖောင်းဖောင်းလေးတွေရှိတယ်နော်"
သူ့ပါးလေးအား ခပ်ဖွဖွလေး လာဆွဲသည့်ကောင်လေးကြောင့် မျက်မှောင်လေးအား အနည်းငယ်ကျုံ့ထားမိသည်။
" နာတယ် ဟို"
" ဟို"
သူခေါ်သည့်နမ်စားလေးအား ကောင်လေးက သံယောင်လိုက်ကာပြန်မေးသည်
"ငါခေါ်ချင်လို့ ဟိုလေး"
"ဆောဂျင်နီ သဘော "
ထိုသို့ပြောကာ ဆော့ဂျင်၏ခေါင်းလေးအား အသာလေး ဆွဲဖွသည်
ထိုအချိန် သည်သူတို့နှစ်ဦး၏ စတင်ခြင်းပင်ဖြစ်သည် ။
......
" အန်တီမေမေ ဟိုလေးရော"
မနက်ခင်းတိုင်း ဟိုဆော့အားလာနှိူးလေ့ရှိသည့် ဆော့ဂျင်လေး၏ အသံဆာဆာလေး အားကြားလိုက်ရလေသော် မီးဖိုချောင်ထဲတွင်အလုပ်ရှုပ်နေသည့် ဟိုဆော့အမေ မှာ အိမ်ရှေ့ဧည့်ခန်းလေးသို့ထွက်လာလေသည်
"ဂျင်နီလေး ရဲ့ ဟိုဆော့ကမနိုးသေးဘူးကွယ့် "
သူမပြောလေတော့ ဆော့ဂျင်လေးမှာမျက်မှောင်လေးတွန့်ချိုးကာ နှုတ်ခမ်းဖူးဖူး ေလးအားဆူထုပ် ကာ ဟိုဆော့ရှိရာ အပေါ်ထပ်အခန်းသို့ချိန်ရွယ်၍ မျက်စောင်းတစ်ချက်ပစ်လွှတ်လိုက်လေသည်