ကုကီ
"ဂျောင်ဂု လို့"
"ဂျောင်ကုဂါး"
"ဂျွန်"
"ေမာင်"
"မောင်ရေ "
"ဂျင်ခေါ်နေတယ်လေ၊လှည့်ကြည့်ပါအုံး"
သူတကယ်လှည့်မကြည့်မိပါ။ အကို့ကိုတကယ် စိတ်ကောက်ချင်သေးသည်။
"ေမာင် မောင်လို့!!"
သူ့အပေါ် အပြေးလွှားတက်လာသည့် အကို့ရဲ့ခန်ဓာကိုယ်လေးအား ထိန်းကိုင်ထားမိသည်။
ဘယ်လောက်ပဲစိတ်ဆိုးနေပါစေ အကို့ကို မထိခိုက်စေလို။
အကိုက သူ့ပုခုံးအပေါ်ခေါင်းအားစိုက်ချထားသည်။
မကြာပါ ရှတတ ထွက်လာသောအကို့အသံလေးဟာသူ့ကိုနာကျင်စေသလို။
"ငါ့ကိုလျစ်လျူမရှုပါနဲ့မောင်"
သူ့အပေါ်တွင်ကပ်တွယ်နေသောအကို့ခန်ဓာကိုယ်လေးအား ပိုမိုဖက်တွယ်ကာ အကို့၏ကျောပြင်လေးအား ဖွဖွလေးပွတ်သပ်ပေးနေသည်။အကိုကလည်းကြောင်လေးတသ်ကောင်လိုသူ့လည်ဂုတ်နားခေါင်းလေးတိုးဝှေ့နေခဲ့သည်။
"အကိုမောင့်ကိုဘာလို့မပြောလဲ "
"အခု ထယ်ယောင်းပြောမှမောင်သိရတာဖြစ်သင့်လားအကို"
"ဂျင်ကပဲတောင်းပန်ပါတယ် ၊ကုကီကိုနောက်ကျရင်ပြောမို့ပါ"
"ဂျင့် လည်း အဲ့လိုလုပ်သင့်နေပြီလေ"
"ဒါပေမဲ့ကျတော်အကို့ကိုစိတ်ဆိုးနေသေးတယ်"
"ဂျင်တောင်းပန်ပါတယ်ကုကီ စိတ်မဆိုးပါနဲ့တော့ ေဂျာင်ဂုကစိတ်ဆိုးနေရင် ငါမနေတတ်ဘူး"
"အကိုက ဘာလို့ကျွန်တော့်ကိုမပြောရတာလဲ"
"ဂျောင်ဂုကိုချစ်တယ်"
အကိုလူလည်လေးဟာ စကားလမ်းကြောင်းလွှဲဖို့ကြိုးစားနေလေသည်။
"စကားလမ်းကြောင်းမလွှဲနဲ့အကို"
"မဟုတ် ဘူး တကယ်ချစ်တာလေ "
"ဟာကွာ ဂျွန်ဆော့ဂျင်"
အကိုကသူ့ကိုအသဲယားအောင်သိပ်လုပ်သည်။