19ခု
Uni"သခင်လေး..သခင်လေးရေလော့ယန်ကကြေးနန်းစာရောက်လာတယ်"
ဥယျာဥ်အတွင်းပန်းတွေပျိုးနေတဲ့ရှောင်ကျန့်ကလော့ယန်ကကြေးနန်းဆိုတာကြောင့်လုပ်လက်စကိုအမြန်သပ်လိုက်ပြီးအားချင်ဆီကစာအိတ်လေးကိုလှမ်းယူမလို့လုပ်ပြီးမှရပ်လိုက်တယ်။သူ့လက်တွေကညစ်ပေနေတယ်ဝမ့်ဆီကပထမဆုံးလာတဲ့စာလေးပေကျံသွားမှာမလိုချင်ဘူး။လက်ထဲကမြေမှုန့်တွေကခါပြီးအကျီနဲ့သုတ်လိုက်တယ်။ဖြူလွလွဝတ်စုံလေးကတော့မြေမှုန့်တွေနဲ့ပေကျံသွားခဲ့လေပြီ..
"ပေး..ပေး..ဝမ်သွားပြီးတဲ့သုံးပတ်အတွင်းပထမဆုံးလာတဲ့စာပဲဝမ်ကနေနိုင်လိုက်တာ"
"အလုပ်တွေမအားလို့နေမှာပေါ့သခင်လေးရဲ့ဖွင့်ဖတ်ကြည့်လေဘာတွေရေးထားလဲသိချင်တယ်"
"သူများကိစ်စကိုမစပ်စုချင်ပါနဲ့ငါကနင့်ရှေ့မှာဖွင့်မယ်လို့ထင်နေတာလား.."
"သခင်လေးကလဲ"
အားချင်ကနှုတ်ခမ်းလေးဆူပြီးပြောတော့ရှောင်ကျန့်ကဘာဖြစ်ချင်လဲဆိုတဲ့အကြည့်နဲ့မေးငေါ့ပြတယ်။သူတို့ရှေ့မှာဝမ်ပေးတဲ့စာကိုမဖတ်ချင်ပါဘူး
"သေချာပေါက်ချစ်ကြောင်းလွမ်းကြောင်းရေးထားတာပဲနေမှာ"
"သိရင်လဲပြီးရော..ငါသွားတော့မယ်ပန်းပင်တွေဆက်ပျိုးထားလိုက်"
တက်ကြွစွာထွက်သွားတဲ့သူမသခင်လေးကိုကြည့်ပြီးအားချင်ခေါင်းကိုအသာရမ်းလို့ပြုံးမိတယ်။
ခုမှသခင်လေးပြုံးတာကိုမြင်ရတယ်။ဝမ်ရိပေါ်ထွက်သွားထဲကသခင်လေးကတမှိုင်မှိုင်တထွေထွေနဲ့လွမ်းနာကျနေတာညတိုင်းလဲခိုးခိုးပြီးငိုတယ်ဆိုတာသခင်လေးနားမှာအိပ်တဲ့သူမသိတာပေါ့။
အခန်းလေးထဲဝင်ပြီးတံခါးကိုသေချာပိတ်လိုက်တယ်။ဝါကျင်ကျင်စာအိတ်လေးကိုကိုင်ပြီးရင်ခုန်နေမိတယ်။အပျိုဖြန်းလေးရည်းစားစာပေးခံရသလိုပဲ..ကိုယ့်ယောကျာ်းဆီကစာလေးရတာပြောမပြတတ်လောက်အောင်ကိုပျော်နေတာလေ.
စားပွဲမှာထိုင်ပြီးစာအိတ်ထိပ်လေးကိုသံကပ်ကြေးနဲ့သေသေချာချာညှပ်လိုက်တယ်။အထဲကစာရွက်ခေါက်ဖြူဖြူလေးကိုဖွင့်နေရင်းနှုတ်ခမ်းကိုကိုက်ထားမိတယ်။မျက်တောင်တွေတဖျက်ဖျက်ခတ်ပြီးရင်ဘတ်ထဲကလဲတဒုတ်ဒုတ်နဲ့..စာရွက်ဖြူလေးထဲရေးထားတဲ့စာလုံးလှလှတွေကသူ့ရင်ထဲကလွမ်းဆွေးတမ်းတမှုတွေကိုအနည်းငယ်လျော့ကျစေတယ်..စာထဲပါသည်က..