20ခု
Uniလော့ယန်ကရထားကနံနက်၈နာရီဆိုက်မှာမလို့ရှောင်ကျန့်က၇နာရီထဲကကြိုရောက်ပြီစောင့်နေတယ်။သူရောက်တော့ဘူတာကလူတွေရှင်းနေတုန်း။ဝမ့်ကိုအရမ်းတွေ့ချင်နေပြီလေသုံးပတ်ကြီးတောင်ခွဲနေရတာ..
ထီဖြူလေးတစ်ချောင်းနဲ့ရှောင်ကျန့်ကဝမ်ရိပေါ်နဲ့စတွေ့တုန်းကလိုအပြာရောင်ပုဝါလေးကိုလည်ပင်းမှာစည်းနှောင်ထားတယ်။သူတို့စစတွေ့တုန်းကအချိန်ကိုတောင်ပြန်သတိရသွားတယ်။အဲ့တုန်းကမြင်မြင်ချင်းအချစ်ကိုမယုံခဲ့ပေမဲ့ရှောင်ကျန့်ကမြင်မြင်ချင်းရူးလောက်အောင်စွဲလမ်းခဲ့ရတာကိုတော့ဝန်ခံမိပါတယ်။မထင်မှတ်ပဲဝမ်ကသူ့ခင်ပွန်းဖြစ်လာတော့လဲအတိုင်းမသိပျော်ရွင်ခဲ့ရပါတယ်။ဘယ်သူမဆိုကိုယ်ချစ်တဲ့သူကိုယ့်ကိုချစ်တဲ့သူနဲ့ကိုယ်လက်ထက်တဲ့သူတထပ်ထဲကျနေရင်ပျော်ကြမှာပဲလေ..
ရထားဥသြဆွဲသံကြားရ၍ရှောင်ကျန့်ကခြေလှမ်းတွေပိုသွက်ပြီးဂျုံးဂျုံးဂျက်ဂျက်နဲ့လာနေတဲ့ရထားကိုမျော်ကြည့်တယ်။ရထားကြီးရပ်သွားတော့ခရီးသည်အချို့ကဆင်းလာကြပြီးသူ့ချစ်ခင်ပွန်းလေးအလာကိုလည်လေးတဆန့်ဆန့်နဲ့ကြည့်ပြန်တယ်။ဟောတွေ့ပါပြီး..ချစ်ရသူ..ဟိုဒီကြည့်ပြီးသူ့ကိုရှာနေဟန်..
ရှောင်ကျန့်ရိပေါ်နားအမြန်သွားလိုက်တော့သူ့ကိုတွေ့သွားပြီးတစ်ကိုယ်လုံးကိုသိမ်းကျုံးပြီးဖက်တယ်။လွမ်းနေခဲ့တဲ့ကိုယ်သင်းနံ့လေးကိုလဲတဝကြီးရူရှိုက်တယ်
"လွမ်းနေခဲ့တာ"
"ကျွန်တော်ရောပဲ"
ရှောင်ကျန်ကထီးတစ်ဖက်ကိုင်ထားတာကြောင့်လက်တစ်ဖက်ထဲနဲ့ရိပေါ်ကိုပြန်လည်ဖက်တွယ်ထားတယ်။ရိပေါ်ကလည်တိုင်ကိုမျက်နှာအပ်ပြီးဖိကပ်နမ်းပြီးကိုက်လိုက်တာကြောင့်ရှောင်ကျန့်ပါးလေးတွေကရဲကနဲ..လူတွေအများကြီးရှိနေတယ်လေရှက်တာပေါ့
"ဝမ်..သ..သခင်ကြီးအတွက်စိတ်မကောင်းပါဘူး"
"ဘယ်တတ်နိုင်ပါ့မလဲစိတ်မကောင်းမဖြစ်ပါနဲ့လူဆိုတာသေတစ်နေ့မွေးတစ်နေ့ပဲမွေးဖွားမှုရှိရင်သေဆုံးမှုရှိတယ်အမြဲဒွန်တွဲလျက်ပဲ"