18ခု
Uniလက်ထက်ပြီးတဲ့ဘယ်ယောကျာ်းမဆိုဇနီကကိုယ်ဝန်ရှိနေရင်ထိုဇနီးနားမှာရှိချင်ကြတာသဘာဝပဲဇနီးကလဲခင်ပွန်းသည်ကိုသူ့တို့နားမှာနေစေချင်ကြတယ်မလား။ဝမ်ရိပေါ်လဲထိုနည်းလည်ကောင်းပဲချစ်မဝတဲ့ကျန့်အာကရင်သွေးလေးလွယ်ထားရသည်မလို့ကျန့်အာနားနေချင်တယ်။နဂိုထဲကမျက်စိအောက်ကအပျောက်မခံတဲ့ဝမ်ရိပေါ်ကခုတော့ရှောင်ကျန့်ကိုရင်ဘတ်ကြီးထဲမထည့်ထားရုံတမယ်ပဲ..
ဒါပေမဲ့ရိပေါ်ရဲ့ဆန်ဒတွေကမပြည့်ဝဘူး။ကျန့်အာနားနေချင်ပါတယ်ဆိုမှလော့ယန်ကပိုးထည်တွေကပြသာနာတက်နေပြီးဆိုတဲ့သတင်းရောက်လာတယ်မသွားလို့မဖြစ်လော့ယန်သို့ခရီးနှင်ရတော့မယ်။ယမ်နဲ့ယွမ်ကိုလွတ်လို့မဖြစ်တဲ့ပြသာနာမလို့ကိုယ်တိုင်ရှင်းမှရမည်။ဝမ်ရိပေါ်အသဲနှလုံးတွေငိုကြွေးရပါတယ်။
ကုတင်ပေါ်ထိုင်ပြီးအဝတ်စားတွေထုတ်ပေးနေတဲ့ချစ်သည်းလေးရဲ့ရွှေမျက်နှာတော်ကညိုးငယ်လို့မရွင်မလန်း..
"စိတ်မကောင်းမဖြစ်ပါနဲ့ပိုးထည်တွေကအပျက်စီးများပြီးအရှုံးပေါ်နေလို့ကိုယ်သွားမှဖြစ်မှာ..ကျန့်အာနဲ့မခွဲချင်ပါဘူး"
"ဘယ်လောက်ကြာမှာလဲ"
"အများဆုံးနှစ်လသုံးလလောက်ပေါ့"
မျက်နှာလေးငယ်လို့အကျီတွေပြန်ထည့်နေတဲ့သူလေးအနားစားပွဲပေါ်ကစာရင်းစာအုပ်တွေထည့်နေတာကိုလက်စသတ်ပြီးဝမ်ရိပေါ်ကလျောက်သွားတယ်။ရှောင်ကျန့်ရှေ့ဒူးတစ်ဖက်ထောက်ထိုင်လိုက်ပြီးလက်တစ်ဖက်ကိုဆွဲယူလို့သူ့လက်နှစ်ဖက်နဲ့ဆုတ်ကိုင်ထားတယ်။ရှောင်ကျန့်ကလွတ်လပ်နေတဲ့လက်တစ်ဖက်နဲ့ဝမ်ရိပေါ်ပါးကိုဖွဖွလေးပွတ်သပ်ပေးနေမိတယ်။
မခွဲချင်ဘူးသုံးလကြီးတောင်..ချောင်ကျသွားတဲ့မျက်နှာလေးကိုကြည့်ပြီးရှောင်ကျနိ့ကစိတ်မကောင်း။ဝမ်ကသူ့အစားဒုက်ခ ခံပေးနေရတာမလို့စိတ်မကောင်းမိတာပါ။သူကကိုယ်ဝန်ဆောင်နေရပေမဲ့ကောင်းကောင်းစားဝင်အိပ်ပျော်ပြီးခပ်စူစူဖြစ်နေတဲ့ဗိုက်လုံးလုံးလေးကြောင့်ပြည့်ပြည့်ဖောင်းဖောင်းလုံးလုံးလေးဖြစ်နေတယ်။ဝမ်ကတော့သူ့အစားကိုယ်ဝန်ဆောင်သည်တွေရဲ့ရောဂါခံစားနေရတာမလို့တော်တော်လေးချောင်ကျနေတာထမင်းလဲစားမကောင်းပဲလူးလိမ့်ခံနေရတာ။