7ခု

4.5K 477 10
                                    

7ခု
Zaw

ရှောင်ကျန့်..
အရှေ့ကခေါင်းကနေသွေးတွေအဆတ်မပြတ်စီးကျနေတဲ့လူကိုထိတ်လန့်စွာကြည့်နေမိတယ်။လက်နဲ့အုပ်ထား၍လက်ကြားထဲကသွေးတွေယိုစိမ့်နေပြီးမြေပြင်တွင်လဲပန်းအိုးကွဲစများ.

သူ့ကိုအတင်းအကြပ်ရယူဖို့ကြိုးစားတဲ့လူကိုရတဲ့နည်းနဲ့ခုခံလိုတာကြောင့်လက်လှမ်းမှီရာခြေကျိုးနေတဲ့စားပွဲပေါ်ကပန်းအိုးနဲ့သမလိုက်တာ။လက်တွေကတုန်ယင်နေပြီးဒူးတွေတောင်မခိုင်ချင်တော့။တစ်သက်လုံးတခြားသူကိုထိခိုက်စေဖို့မပြောနဲ့ရိုင်းစိုင်းစွာမပြောဆိုခဲ့ဖူးတဲ့သူကယခုတော့ကိုယ့်ကိုကိုကာကွယ်ဖို့သာ..ကြောင်အနေရာမှာအမြန်သတိကပ်ပြီးထိုနေရာကနေထွက်ပြေးဖို့ခြေလှမ်းတို့ပြင်လိုက်တယ်။

ဒါပေမဲ့ရှောင်ကျန့်နောက်ကျသွားခဲ့ပြီ။သူရှေ့ကိုပိတ်ရပ်လိုက်တဲ့လူသန်ကြီးနှစ်ယောက်..

"အဲ့ကောင်ကိုမှတ်လောက်သားလောက်ရှိအောင်ဆုံးမလိုက်.."

သူကိုယ်တိုင်မထိခိုင်းတဲ့သူကသူ့နှုတ်ကနေဒုက္ခပေးဖို့အမိန့်ထုတ်ခဲ့ပြီ။ပြီးတော့သွေးတွေထွက်နေတဲ့ဒဏ်ရာကိုလက်နဲ့အုပ်လို့ထွက်သွားခဲ့တယ်။

ရှောင်ကျန့်ကလူသန်ကြီးတွေကိုရှောင်ပတ်ပြီးပြေးတော့နောက်ကနေပြန်ဆွဲခံလိုက်ရတယ်။ဒီတခါတော့သူ့ဘဝအဆုံးသတ်ပြီထင်တယ်

မျက်နှာပေါ်ကျရောက်လာတဲ့မညှာမတာလက်သီးချက်တွေကနာကျင်လွန်းတယ်ဝမ်းဗိုက်တည့်တည့်ကိုထိုးနှက်မှုကရှောင်ကျန့်ရဲ့အူတွေပျက်ထွက်မတက်တစ်ကိုယ်လုံးဒဏ်ရာပရပွနဲ့နောက်ဆုံးမှာတော့မခိုင်နိုင်တဲ့အဆုံးသတိမေ့ချင်ယောင်ဆောင်လိုက်တယ်သက်သာမလားပေါ့..

ပျော့ခွေကျသွားတဲ့သူ့ကိုလက်မောင်းရင်းကဆွဲပြီးတရွတ်တိုက်ဆွဲခေါ်သွားကြတယ်။ခြေဖမိုးကမြေနဲ့ပွတ်ဆွဲသွားတာကြောင့်ပြဲရဲကုန်ပြီးစပ်ဖျင်းဖျင်းနဲ့..လွတ်မြောက်ချင်တယ်ဒီငရဲခန်းကနေ..

ဒုတ်..ဒုတ်!!

ရုတ်တရတ်ဆိုသလိုဒုတ်ဆိုတဲ့အသံနဲ့အတူလဲကျသွားတဲ့လူသန်ကြီးတွေ။ရှောင်ကျန့်လဲမထပဲလဲနေလိုက်တယ်။မထနိုင်တာဆိုပိုမှန်တယ်

My Secretly Loved Husband ✔Donde viven las historias. Descúbrelo ahora