ဓူဝံကြယ်လေးရဲ့ ပဲ့ကိုင်ရှင် ဦး
အပိုင်း ၅
ချန်ရံထွဋ်ခေါင်တစ်ယောက် ဒီနှစ်တွေ ထဲ ဓူဝံလေးကို ကုသပေး နေမှုကြောင့် သူ၏ လုပ်ငန်းပိုင်းတွေ ဘက်ပင် သိပ်မလှည့်နိုင်ခဲ့ပေ။
ထွန်းသစ်သည် ချန်ရံ၏အရင်းနှီးဆုံးသူငယ်ချင်း ဖြစ်သည်က ချန်ရံ့အတွက်ဆုလာလ်တစ်ခု ပင်။ ယခုလို ချန်ရံမအားလပ်သည့် အချိန်များ၌ ထွန်းသစ်ကသာ အရာရာ ဦးဆောင်ပြီး လုပ်ငန်းပိုင်းတွေ ကိုင်တွယ်ပေးလေသည်။
အရင်းနှီးဆုံးသူငယ်ချင်းတွေ လည်း ဖြစ်သလို ထွန်းသစ်က ဓူဝံလေး ကို သိပ်ချစ်တဲ့ သူ မို့ ထွန်းသစ်လည်း ချန်ရံနည်းသူ ဓူဝံလေး အတွက် ကြိုးစား ပေးရှာသည်။
ခက်တာက ဓူဝံလေးပင် ။ တစ်ခါတစ်ရံ ဓူဝံလေးက ကလေးဖြစ်စော်လည်း ထွန်းသစ် ဘယ်လောက် ပင် မုန့်တွေ ဝယ်ကျွေးကျွေး ဘယ်လောက်ပင် အရုပ်တွေ လက်ဆောင်တွေ ဝယ်ပေးနေပါစေ ဓူဝံလေးက ယခု တိုင် ထွန်းသစ်ကို စကားတစ်ခွန်းမဟဖူးပေ။
တစ်ခါတစ်ရံ ဆိုလျှင် ထွန်းသစ်က စိတ်မကောင်းစွာ ပြောတက်သေးသည်။"ဓူဝံလေးက ငါ့က်ို လည်းမင်းကို စကားတွေ ပြောသလို ပြောရင်သိပ်ကောင်းမှာကွာ" တဲ့ ။ ထို အချိန်များဆိုလျှင်ချန်ရံမှာ ထွန်းသစ်ကို အားပေးရစမြဲ။
"အားမငယ်ပါနဲ့ကွာ ...ကလေး က စကား မပြော ချင်လို့ မဟုတ်ပါ ဘူး ကွာ ...ငါ့ကို ပြောတယ်ဆိုတာ တွေ က လည်း တစ်နှစ်မှ စကားလုံး ၁၀လုံးတောင်မရှိပါဘူးကွာ...မင်းကြည့် လေ ကလေး က စကားတစ်ခွန်းထွက်ဖို့ အရမ်းခက်ခဲ နေရှာတာ ကွာ မင်းလဘ်း သိရဲ့နဲ့ "
"တစ်ချိန်ချိန်တော့ကွာ ငါတို့ ကြိုးပမ်းမှုတွေ အရာထင်မှာပါ"
"ငါတို့တွေ မျှော်လင့် နေတဲ့ ကလေး အခက်အခဲ မရှိ စကား ပြော နိုင်မယ့် အချိန်ရောက်လာမှာပါကွာ "
"ကလေးက မင်းနဲ့ငါ့ကို သိပ်ခင်သွယ်ပါတယ် ကွာ "
ထိုတို့သော အားပေးစကား လေး တွေ ပြော လ်ိုက်ကာ မှ ထွန်းသစ်မျက်နှာလေး ပြန်ရွှင်လာတက်ပြီး ဓူဝံလေး စကား ပြောနိုင်ဖို့ အရေး နေ အမြန်ကောင်း ဖို့ အရေး က သူ့အရေး ဆို ပြီး ကြွေးကြော်တက်သေးသည်။
![](https://img.wattpad.com/cover/312918117-288-k678264.jpg)