🌺ဓူဝံကြယ်လေး ရဲ့ပဲ့ကိုင်ရှင် ဦး🌺
အပိုင်း၁၃🌺
ယနေ့ဆိုလျှင် ဓူဝံကြယ်လေးသတိမေ့နေခဲ့သည်မှာ ငါးရက်မြောက်ခဲ့ပြီပြီသည်။ ကျောင်း၌ စိတ်လွတ်ကာ သတိမေ့သွားပြီးကထဲကယနေ့တိုင် တိုင် သတိမရခဲ့သည်မှာ ငါးရက် မြောက် ခဲ့ပြီ။
ဆရာဝန်၏ ပြောပြချက်အရ ကလေးငယ်သည် ယနေ့တိုင်သတိမရခြင်းက သွေးအထွက် လွန်ထား ခြင်း ဟုဆိုသည်။
သွေးများစွာ ဆုံးရှုံးထားသည့် အပြင် ABသွေး ဖြစ်သော ဓူဝံကြယ်လေး အတွက် သွေးသွင်းဖို့ ရန် သွေးရှာရာ ၌ ခက်ခဲ ခဲ့ ရသေးသည်။
ကလေးငယ်သည် ငယ်စဉ်က အတိတ်ကအကြောင်း အရာ အချို့ကြောင့် ယခုလို စိတ်ဖောက်လာရခြင်းပင်။ ချန်ရံတစ်ယောက် ၁၀နှစ်ကျော် ထိဂရုတစိုက် ကုသပေးခဲ့သော ဓူဝံလေး မှာ ရောဂါ ပျောက်လု အချိန်၌ ယခုလို စိတ်ပြန်ဖောက်လာ ရခြင်း အပေါ်များစွာ တုန်လုပ်ခဲ့ရသည်။ ဒါ သည် ချန်ရံ့ထံ သို့ ရောက်လာ ပြီး၁၀နှစ်အကြာမှ ပထမဆုံးရောဂါ ထဖောက်ခြင်းပင်။
ငယ်စဉ်က မည်မျှပင် နှိပ်စက်ခံခဲ့ရသည်မသိ ။ထို အတ်ိတ်ဆိုးသည် ကလေးငယ်အတွက် အိမ်မက်ဆိုးကြီးလိုပင်ခြောက်လန့်နေဆဲပင်။
ယခင်က မျက်လုံးသေနှင့် အေးစက်စက်အမှု အရာ အရယ်မရှိ အပြုံးမရှိ စကားတစ်လုံးပြော ဖို့အထိပင် ဓူဝံကြယ်လေးအား ချန်ရံ ကြိုးစားပြီး ကုသပေးထားကာ မှ အရယ်အပြုံးလေးတွေ မြင်ရသည်မှ တစ်နှစ်တောင်မပြည့်သေး။ လောကကြီးက ပဲ ချန်ရံနှင့် ဓူဝံလေး အပေါ် ရက်တက်နေခဲ့သည်လားပင်။
ဆေးရုံခန်းထဲ ရှိ လူနာကုတင်လေးပေါ်၌ သတိမေ့နေသော ကလေးသယ်အား ချန်ရံ နေ့မနား ညမနား ပင် ဂရုစိုက်ပေးလေသည်။ ညဘက်ဆိုလျှင် အိမ်ရာ ဝင်ပုံပြင်လေး တွေ တရားစာအုပ်လေး တွေ ဖတ်ပြလေ့ရှိပြီး ။ တစ်ခါတစ်ရံဆိုလျှင်တော့သတိမေ့နေသော ကလေး ငယ်၏ လက်ကလေး အား ပဲ့ကြွေသွားမှာစိုးသည့် အလား တယုတယကိုင်ကာ အနမ်းလေး ခြွေရင်တစ်ယောက်ထဲ ကြိတ်ကာ ငိုနေတက်လေသည်။
သိပ်ချစ်လွန်းလို့ ပိုးသားလေးလို မထိရပ်မကိုင် ရပ်နှင့် ဂရုစိုက် ပေးခဲ့သော ကလေး ငယ်အား ယခု လို ဆေးရုံကုတင်ထပ် လူနာဝတ်စုံ အကျီင်္ နှင့်လက်ကောက်ဝတ်၌ ပတ်တီးတို့ကိုမြင်နေရသည့် ချန်ရံ့အတွက် သူ၏ နှလုံးသား ကြီးတစ်ခုလုံး ဓားနှင့် အစိတ်စိတ်အမွာမွာ မွှန်းခံနေရသလို ပင် သူ၏ နှလုံးသား သည် လည်း နာကျင်လွန်းလှပေသည်။
![](https://img.wattpad.com/cover/312918117-288-k678264.jpg)