ဓူဝံကြယ်လေး ရဲ့ ပဲ့ကိုင်ရှင် ဦး
အပိုင်း 7
အဖြူအစိမ်းလေးနဲ့ ချစ်ဖို့ကောင်းလွန်းသည့် ချန်ရံ့ ကလေးလေး ကတော့ နေတိုင်းလိုလို ချန်ရံ့အား အားအင်တွေ ပေးနေခဲ့လေသည်။
ငယ်ငယ်ထပ်ပိုပြီး အသားဖြူလာသည့်ကလေး ငယ်လေးက မျက်လုံး ဝိုင်းဝိုင်းလေးတွေကို ပိုင်ဆိုင်ထားပြီး ကော့ညွှတ်နေသော မျက်တောင်မွှေးလေးများက လည်း ဆွဲဆောင်မှုရှိနေပြန်လေသည်။
နက်မှောင်သော မျက်ခုံးတနနှစ်ဖက်က လည်း တစ်ဖက်နှင့်တစ်ဖက် အလယ်၌ ထိစပ်နေသေးလေသည်။
ဆေးမကူပဲ အမြဲ ရဲနေတက်သော ပါးမို့မို့လေးနှစ်ဖက်ကိုပိုင်ဆိုင်ထားပြီး ဆေးမကူပဲပန်ရောင်သန်းက အမြဲ စိုအိနေသော နှုတ်ခမ်းဖူးဖူးလေးက လည်း လာနမ်းလှည့်ပါ ဟု မြှူဆွယ်နေသယောင် ။
နဖူးထိအုပ်ကာဝဲကြနေသောဆံသားအိအိလေးများ နှင့် မျက်နှာဝိုင်းလေးများက လိုက်ဖက်နေပြန်သေးသည် ။ နှားကားကားလေး နှစ်ဖက်ကို ပိုင်ဆိုင်ထားသည့် ဓူဝံ့ကေ ရေးလူကြီးတွေပြောသည့်အတိုင်းပင် တကယ်ကို စာပေ၌ လည်းထူးချွန်နေပြန်သေး၏။
ကျောပိုးအိပ်ကို မလွယ်ချင် ၍ အသက်နှင့်အဖြူလျက်ထားသော ချည်သား လွယ်အိပ်ကေို ဘေးစောင်းလွယ်ထားပြီး ချန်ရံ့အားပြုံးပြနေသည့်ပုံက တကယ်ကို မတို့ရပ်မထိရပ်စရှာ ရွှေပန်းပုနဲ့ထုထားတဲ့ အရုပ်ကလေးက သိပ်ကို ချစ်ဖို့ကောင်းလွန်းနေလေသည်။
"အဟမ်း ..ဦး "
ကျောင်းဝန်းထဲ က ထွက်လာကထဲက ဓူဝံလေးကို အငေးလွန်နေသော ဦးဥိးချန်ရံ ကြောင့် ကြယ်စင်လင်းတစ်ယောက် ချောင်းဟန့်လိုက်ခြင်းဖြစ်လေသည်။
"သြော် ...အင်း ကလေးတို့ အိမ်ကလာကြို ကြမှာလား "
"ဟုတ် ဦးဦး "
ကြားထဲက လက္ခတ်က ဝင်ဖြေလိုက်ခြင်းပင်။
"ဟီး ဒါနဲ့လေ ဦးဦး သမီး ဦးဦးတို့နဲ့အတူ လိုက်ပြန်လို့ရမလား ...သမီးဒီနေ့စက်ဘီးလည်းမယူခဲ့သလို အိမ်ကို လာကြိုဖို့ ပြောဖို့ပါ မေ့လာလို့ "