ဓူဝံကြယ်လေးရဲ့ ပဲ့ ကိုင်ရှင် 🌟ဦး🌟
အပိုင်း ၈
ဓူဝံလေးနှင့် ချန်ရံတို့မှ ကားနောက်ခန်းမှ မိကြယ်စင်ကြောသ့် စိတ်ပူသွားရသည်မှာ အမှန်ပင်။
ကိုယ်တွေက သာ စိတ်ပူနေတာ မကြယ်စင်တို့ကတော့ ဓူဝံလေး ပေးသည့် တစ်ရှူးဖြင့်သူ့နှာခေါင်းသူသုပ်ရင်း မျက်နှာ ကြီးကတော့ ပြုံးလို့ ဖြီးလို့ပင်။
အဆင်ပြေရဲ့လား မေးတော့ လည်း ဒင်းးရဲ့ မျက်လူံးတွေ က ဓူဝံနှင့်ချန်ရံတို့ကို ကြည့် ရင်း ဘလင်းဘလင်းတွေ ကို ဖြစ်လို့။
ဒါနဲ့ ပဲ ဆေးခန်းလိုက်ပို့ပေးမယာဆ်ိုတာ က်ို အတင်း ကာ ရောငြင်းဆန်နေသည်မို့ သူမ ၏ အိမ်တို့သာ လိုက်ပို့ ပေးလိုက်ရသည်။
ပြီးနောင်ချန်ရံတို့လည်း အိမ်သို့သာ ပြန်လာ ခဲ့ လိုက်လေသည်။
"ကလေး ခဏ နားပြီး ရေချိုးလိုက်နော် ...ဦးကလေး အတွက် ရေမချိုးခင် သံပုရာရည်လေး ဖျော်ပေးမယ် "
"ဟုတ် ဦး "
ဓူဝံလေး ကျောင်းလွယ်အိပ်လေး ဘေးခဏ ချ ကာ ဆိုဖာပေါ်၌ ခဏ ထိုင်စောင့်နေလိုက်လေသည်။
မကြာမှီချန်ရံတစ်ယောက် ဓူဝံလေး အတွက်သံပုရာရည်အေးအေး လေး ယူ လာ ပေးခဲ့လေသည်။
"ကလေး သောက်လိုက်အုံးနော် "
"ဟုတ် ဦး "
ဓူဝံလည်း ဦးပေးသည့် သံပုရာရည်ခွက်ကလေး အား ယူ ရင်း ဖျော်ပေးသူ စိတ်ချမ်းသာ အောင် သောက် လိုက်လေသည်။
ချန်ရံ အချစ်တွေ နဲ့ စေတနာ မေတ္တာ အပြည့်နဲ့ ဖျော်ပေစခဲ့ လို့ ထင်ပါ ရဲ့ ထိုသံပုရာရည်အေးအေး လေး က ဓူဝံလေး ၏ စိတ်နှလုံး အစုံ အား အေးချမ်းစေပါသည်။
"ကလေး ...ဒီနေ့ကော စာတွေ လိုက်နိုင်ရဲ့လား "
"ဟုတ် ဦး သား လိုက်နိုင်ပါတယ် "
"ကလေး က အခု ၁၀တန်းတောင်ရောက်လာ ပြီဆိုတော့ ဦးကလေး အတွက် ဆရာ အိမ်ခေါ်ပြီး စာသင်ခိုင်း ရမလား လ်ု့ ..အိမ်ကို ကျူရှင်ခေါ်သင်တဲ့ သဘောပေါ့ "
ချန်ရံ့စကား ကြောင့် ဓူဝံလေး အနည်း ငယ်တော့ တိတ်ဆိတ်သွား မိလေသည်။
![](https://img.wattpad.com/cover/312918117-288-k678264.jpg)