✨ဓူဝံကြယ် လေး ရဲ့ ပဲ့ကိုင်ရှင် "ဦး"✨
အပိုင်း ⭐၄⭐
ချန်ရံတစ်ယောက် ပထမဦးဆုံး အကြိမ် ဓူဝံလေး နှုတ်မ ထွက်လာ သော စကား ကြောင်း အတိုင်းမသိဝမ်းသာ ခဲ့ ရလေသည်။
"ကလေး ...ကလေးလေး ...နောက်ဆုံးတော့ စကား ပြန်ပြောခဲ့ ပြီနော် "
"ရွှတ်...ဒီနေ့က စပြီး ..ပြောစရာရှိတာ ပြောနော် စိတ်ထဲ သိမ်းမထား နဲ့ သိလား ...ကလေးလေးနှုတ်က ပြောမှ ဦးကသိမှာပေါ့ ဟုတ်ပြီလား"
"ဦးရဲ့ကလေးလေး က လိမ္မာတယ်"
ချန်ရံ ဝမ်းသာလွန်း၍ ဓူဝံလေး၏ ပါးပြင်လေးအား မွှေးကြူနေမိခဲ့လေသည်။
"ဦးကို နောက်တစ်ခါ စကား ပြောကြည့်ပါလား ကလေး ..ကလေး နှုတ်က ပြောတာ လေး ဦးပြန်ကြာ ချင်လို့ "
ဓူဝံလေး မှ သူ့ရှေ့၌ မုဆိုးဒူးတုတ်ထိုင်နေသော ဦးကြောင့် စိတ်ထဲ ၌ ကြည်နူးမိပေမယ့် အပြင်ဘက်၌ တွင်တော့ သူ၏ နဂို မျက်နှာအတိုင်းအေးစက်စက်အမှု အရာ ဖြင့် အပြုံးမည်သော အပြုံးလေးတစ်ပွင့် တောင် ချန်ရံအား မပြခဲ့ပါချေ။
ဓူဝံလေးအတွက် စကားလေး တစ်ခွန်းနှုတ်မှ ထွက်ဖို့ အရေးကို အင်မတန်မှ ခက်ခဲနေမိသည်။
သူ့ရှေ့ မှ သူ့အား ကြည့် ကာ ပျော်နေသော ဦးအား သူ စကားပြောသင့်မပြော သင့် ဆုံးဖြတ်နေမိခဲ့လေသည်။
ဓူဝံလေးက လူများတာမကြ်ုက်သလို စကားတွေ အများကြီး ပြောရတာလည်း မကြိုက်သည့်လူစားမျိုးပင်။
မွေးလာကထဲက အနေအေးသလို ပတ်ဝန်းကျင်နှင့်လည်း သိပ်မရင်းနှီးသည့်ကလေး ဖြစ်သလို ဖခင်က ပေးသော စိတ်ဒဏ်ရာများ ကြောင့်လည်း ဓူဝံလေး အတွက် စကား တစ်ခွန်းထွက်ရန် ခက်ခဲ နေခြင်းပင် ။
ဓူဝံလေး အတွက် စကား တစ်လုံး ထွက်ဖို့ အရေး အသံအိုးက နာကျင်လွန်းလှသည်။
တစ်စုံတစ်ရာက နာကျင်လာတိုင်း တစ်စုံတစ်ခု ကို အားစိုက်လိုက်တိုင်း စိတ်အာရုံ၌ ပေါ်ပေါ်လာသော သူ့အား ရိုက်နက်နေသော ပုံရိပ်များ က အတွေးအားရုံထဲ ပေါ်ပေါ်လာ တပ်သည်အထိ ၅နှစ်အရ်နှင့် အတိတ်မေ့နေသော ကလေး အတွက် စိတ်ဒဏ်ရာက ပြင်းထန်လွန်းလှ သည်။
![](https://img.wattpad.com/cover/312918117-288-k678264.jpg)