ညနေပိုင်းရောက်တော့
"ဟော....ကိုတမာလာမှလာပါ့မလားလို့"
"ကျောင်းဆရာလေးကိုထမင်းဖိတ်ကျွေးမလို့....အဘလေးရေ
အဲ့တာလာခေါ်တာ""တကူးတကကြီးလာလို့
မင်းအရီးနဲ့မှာလိုက်ရင်ပြီးရောပေါ့....မင်းအရီးပုကကျွန်းထဲကတဲမှာညနေပိုင်းအထိရှိနေတာကို"တမာစကားတပြောပြောနဲ့အဘလေးတို့အိမ်ရှေ့ကကွပ်ပျစ်မှာဝင်ထိုင်လိုက်လေသည်
"ရပါတယ်ဗျာ....ရွာကိုစာလာသင်တာဆိုတဲ့ဆရာလေးဆိုတော့ဧည့်ဝတ်ကျေရမှာပေါ့
ကိုယ်တိုင်ပဲလာခေါ်လိုက်တော့မယ်
အိမ်ကအမေကလည်းကိုယ်တိုင်သွားခေါ်ဖို့လွှတ်နေတာ
ကျုပ်ဖြင့်ရေတောင်မချိုးရသေးဘူးဗျ
ခုမှကျွန်းထဲကပြန်ရောက်တာ""အရိပ်ကရေချိုးနေတယ်ကွယ့်
ဒီနှစ်မင်းတို့အခင်းမြေပဲအထွက်ကောင်းလား""မြေပဲကအထွက်ကောင်းတယ်အဘလေးရဲ့
ဒါပေမဲ့ပဲဈေးတွေကမငြိမ်သေးဘူးလေ
ငရုတ်ဈေးကတော်သေးတယ်....ခရမ်းသီးဈေးဆိုတော်တော်မကောင်းတာလေ
ဈေးထဲဖောက်သည်ပေးရင်တောင်အဆင်မပြေဘူး
အဲ့တာကြောင့်မဌေးရင်တော့ဖောက်သည်မပေးတော့ဘဲသူ့ဘာသူပဲတစ်ရွာဝင်တစ်ရွာထွက်လိုက်ရောင်းနေတယ်""အဘလေးတို့ငရုတ်ခင်းရောမဆွတ်သေးဘူးလား"
"ဆွတ်တယ်လေ....နှစ်ဖြတ်ရောင်းပြီးပြီ
မဆိုးဘူးပြောရမယ်""ကောင်းပါတယ်ဗျာ"
သူတို့နှစ်ယောက်စကားလက်ဆုံးကျနေတုန်း
အိမ်ပေါ်မှအရိပ်ကဆင်းလာလေသည်
ရေချိုးပြီးကာစမို့ဖြူဖွေးတဲ့အသားအရည်ပေါ်မှာမြစိမ်းရောင်သွေးကြောတွေကယှက်သန်းလျက်
Shirtအင်္ကျီလက်တိုအကွက်လေးကိုအကွက်စိတ်ပုဆိုးအစင်းလေးထဲထည့်ဝတ်လို့သေသပ်စွာပင်"အဘလေး...."
"အော....ငါ့တူ
ရေချိုးပြီးပြီလား....ဒီမှာတမာနဲ့လိုက်သွား
မစန်းကထမင်းစားဖို့ဖိတ်လိုက်တယ်....တမာကရွာကာလသားခေါင်းလေ
ဘာလိုလိုသူ့ကိုသာပြော
ရွာသားတွေကတော့သဘောကောင်းကြပါတယ်"တမာ အရိပ်ကိုလှမ်းကြည့်လိုက်ကာ
"သူကရောနေကောင်းသွားပြီလားအဘလေး
မနက်ကနိုင်ကြီးတို့နဲ့တွေ့တယ်
ကျန်းမာရေးမှူးသွားပင့်တာဆိုလို့"