part(4)

147 6 4
                                    

"ကျောင်းဖွင့်ဖို့ သိပ်မလိုတော့ဘူးနော်"

"ဟုတ်တယ်"

"ဒီရွာက ကလေးတွေကြည့်ရတာ အရမ်းကဲကြပေမယ့်ရိုင်းတော့မရိုင်းပါဘူး"

"သူတို့ကဲတာက မျောက်ရှုံးလောက်အောင်လေ"

"အဆင်ပြေပါတယ်....သူတို့ သိတတ်ကြလောက်မှာပါ"

"စောင့်ကြည့်ပါဦး....ငါ့တူရယ်"

အရိပ်ဘာမှဆက်မပြောတော့ဘဲ စကားလမ်းကြောင်းလွှဲလိုက်လေသည်

"ကိုတမာပြောတယ်....သူဌေးကုန်းရွာဘက်ကဒေါ်ထွေးရင်တို့ ထမင်းဖိတ်ကျွေးမလို့တဲ့
အဲ့တာလိုက်သွားဦးမယ်"

"လိုက်သွားချည်....မထွေးရင်က အမျိုးစပ်ကြည့်ရင်
ငါတို့နဲ့ဆွေးမျိုးမကင်းဘူးလေ
သူမင်းကိုငယ်ငယ်က တစ်ခါပဲမြင်ဖူးတာ"

"အွန်း"

မနက်(၉:၀၀)လောက်

သူတို့တူကြီးနှစ်ယောက်အိမ်ရှေ့က ဝိုင်းလေးမှာထိုင်ရင်း စကားစမြည်ပြောကြလေသည်

အဘလေးရဲ့ဇနီးဖြစ်သူနဲ့ အရိပ်ရဲ့အမေမှာ မီးဖိုချောင်ထဲ ချက်ကြပြုတ်ကြနဲ့ အလုပ်ရှုပ်နေကြတယ်

"အဘလေး....ကိုတမာက အိမ်ထောင်သည်လား"

"သူက အိမ်ထောင်မကျသေးပါဘူးကွ"

"အော်"

စကားပြောစရာမရှိတော့ ခြံထဲမှာ ဟိုလျှောက်ဒီလျှောက်နဲ့ သူတော်တော်ပျင်းနေပုံရသည်
ကွပ်ပျစ်လေးပေါ် တုံးလုံးလှဲလိုက်ရင်း မျက်လုံးတွေပါမှိတ်ထားလိုက်လေသည်

Shirtလက်ပြတ်လေးနဲ့ ပုဆိုးကွက်စိတ် အဆင်လေးတွေကိုသာ အမြဲဝတ်ဆင်တတ်တဲ့သူက တအားကိုကျက်သရေရှိသည်
ကတီပါဖိနပ်အပါးလေးက အသက်ဟုပင်ဆိုပင်ရမည်
ဆံပင်အိအိလေးတွေက နဖူးပေါ်ခပ်အုပ်အုပ်နဲ့ နှာခေါင်းလုံးလုံးလေးအပြင် သွယ်လျပြီးယောက်ျားဆန်စွာ ထင်ထင်ရှားရှားထွက်ပေါ်နေတဲ့ မေးရိုးတွေ

သူ့နားထဲခေါ်သံကြားတာကြောင့် အိမ်မက်လားတစ်ကယ်လားမသဲကွဲ
အိမ်မက်ဟုထင်တာကြောင့် မျက်လုံးဖွင့်မကြည့်

နောက်ပိုင်းအဆက်မပြတ် ခေါ်သံကြောင့် မျက်လုံးဖွင့်ကြည့်တော့ သူ့ဘေးမှာ တမာကရောက်နှင့်နေပြီ

တမာ(Ta Mar)Where stories live. Discover now