"ထမင်းစားကြတော့မလား.....အရီးပြင်လိုက်မယ်"
အရိပ်ကိုကြည့်လိုက်ပြီး
"စားတော့မှာလား"
"မစားချင်သေးဘူးလေ နည်းနည်းစောသလားလို့"
တမာနာရီကိုလှမ်းကြည့်လိုက်တော့ (11)နာရီတောင်ကျော်နေခဲ့ပြီ
"ဒါကထမင်းစားတဲ့အချိန်ပဲ မနက်ကဘာစားလာလို့လဲ"
"ထမင်းကြော်"
"အော်"
သူတို့စကားပြောတာ နားထောင်ပြီးမီးဖိုကျင်းထဲမှ အရီးထွေးက လှမ်းပြောလိုက်သည်
"မဆာသေးရင် ရွာထဲကိုအလည်ခေါ်သွားလိုက် ငါ့တူရေ
ဒီဘက်က ကလေးတွေလည်း အဲ့ဘက်ကို စာလာသင်ရမှာဆိုတော့ တခါတည်းမိတ်ဆက်ပြီးသား ဖြစ်တာပေါ့"အရီးထွေးပြောတာ နားထောင်ပြီး
"သွားကြမလား ကျုပ်လိုက်ပို့မယ်လေ"
"သွားမယ်"
အရီးထွေးကိုနှုတ်ဆက်ကာ ခြံဝိုင်းထဲကထွက်လာပြီး ရွာထဲဆက်သွားလေသည်
ကလေးပေါသည်ဟုဆိုရမည် လမ်းတလျှောက် လွယ်အိတ်တစ်လုံးလွယ်ပြီး လေးဂွလေးတွေကိုင်ကာ ကလေးတွေအုပ်စုလိုက် တချို့ကလေးတွေကတော့
အော်ကာဟစ်ကာနှင့် ပြေးလွှားဆော့ကစားနေကြတယ်တမာကခြံဝိုင်းတခုထဲဝင်လိုက်ပြီး ထိုအိမ်မှအဖိုးကြီးတစ်ယောက်ကိုနှုတ်ဆက်လိုက်တော့
ထိုအဖိုးကြီးမှာပြုံးပြုံးရွှင်ရွှင်ပင်"ထူးထူးဆန်းဆန်း မရောက်စဖူး အရောက်ထူးလို့ပါလား"
"ဘသောင်းကလည်းဗျာ ကျုပ်ကအမြဲလာပါတယ်ဗျ
မအားလို့ ဘသောင်းရဲ့ညီမက ကျွန်းထဲမဆင်းရင်ကျုပ်ကိုဆူရောလေ ကျုပ်မှာကျွန်းထဲဆင်းနေရတာ""အေးပါကွာ....အဘကစတာပါ
ဒီမှာထမင်း ဟင်းတွေခူးခတ်ပြီးစောင့်နေတာ ကွက်တိဖြစ်သွားပြီ""ကျုပ်တို့လာမယ်ဆိုတာ အရီးထွေးပြောတာလား"
"ဟုတ်ပ တရွာလုံးကိုသတင်းကပျံ့နေရော
ကျောင်းဆရာလေးလာမှာဆိုလို့ အကုန်လုံးကစောင့်နေကြတာ သူတို့အလုပ်မအားကြလို့သာ သတိမထားမိကြတာ"