"အစည်းအဝေးရှိသေးတာပဲ အရိပ်
ကျောင်းဖွင့်ဖို့ကိစ္စတွေဘာတွေဆွေးနွေးကြဦးမှာထင်တယ်
ဒါပေမဲ့လည်းကိစ္စမရှိပါဘူး အေးဆေးပေါ့""လူကြီးတွေစောင့်နေရရင်ဘယ်လိုလုပ်မလဲ"
"ခုချိန်သူတို့ထမင်းစားကြမှာ စောင့်မနေဘူး"
"ကိုတမာကဘယ်လိုလုပ်သိလဲ......"
"ကျုပ်ရွာကလူကြီးတွေအကြောင်း ကျုပ်အသိဆုံးပါဗျ"
စွတ်ကျယ်ချိုင်းပြတ်လေးနဲ့ နေပူတောထဲပြန်လာသူက
သေချာပေါက်အသားတွေနေလောင်နေပြီ
တမာ သူ့ခေါင်းပေါ်ကခမောက်ကို ချွတ်လိုက်ပြီး အရိပ်ခေါင်းပေါ်တင်ပေးလိုက်တယ်အရိပ်ကတမာ့ကိုမော့ကြည့်လိုက်ပြီး
"ကိုတမာ မဆောင်းဘူးလား"
"ကျုပ်ကလူမှန်းသိတတ်စအရွယ်တည်းက နေပူထဲမှာအဆောင်းမပါဘဲ ငရုတ်ခင်းရေသွင်းတာ ပန်းခင်းရေဖြန်းတာတွေလုပ်လာတာလေ ကျုပ်ခေါင်းကမာတေနေပြီ နေပူဒဏ်လောက်ကိုမမှုဘူး
အရိပ်ထပ်ပြီးနေမကောင်းဖြစ်ရင် အဘလေးကအရိပ်ကိုကျုပ်နဲ့မပေါင်းခိုင်းတော့ရင် ဘယ်လိုလုပ်မလဲ
နေ့တိုင်းအရိပ်နဲ့အတူသွားလာနေကျဆိုတော့ အရိပ်ဆီမသွားရရင်ကျုပ်တကယ်မနေနိုင်တော့ဘူးကျုပ်မှာက ပေါတောတောသူငယ်ချင်းတွေနဲ့ အလုပ်မှအလုပ်ဖြစ်နေတဲ့ ညီအစ်ကိုတွေပဲရှိတာ
ကျုပ်နဲ့စကားအတူတူပြောပြီး ကျုပ်ကိုအချိန်ပေးတဲ့ ညီလေးတစ်ယောက်လောက်လိုချင်တာလေ""ကိုတမာကတော့လေ"
အရိပ်တစ်ယောက် ခမောက်လေးဆောင်းကာ စွပ်ကျယ်ချိုင်းပြတ်လေးနဲ့ သူ့ကိုမော့ကြည့်ရင်းစကားပြောနေပုံက တကယ်ကိုရှက်သည်းဖိုတဲ့ ယောက်ျားလေးလိုမျိုး
ခမောက်ရိပ်အောက်က မျက်ဝန်းညိုလေးကသိပ်ကိုစွဲမက်ဖွယ်ကောင်းလွန်းတာ ဘယ်သူသိနိုင်မှာလဲ
အရိပ်က သူတို့ရွာကအပျိုတွေထက် အသားအရည်ပိုကောင်းတယ်
ပြီးတော့အနေအေးတာကြောင့် နူးညံ့ပြီးအထိအခိုက်မခံဘူးလို့ထင်ရတယ်"နေကြာပန်းတွေယူဦးမလား"
"တော်ပြီ"
သူတို့အတူတူလမ်းလျှောက်နေရင်း တစ်နေရာရောက်တော့ တမာကထအော်လေသည်