"အဘလေး ဒီမနက်ရွာကတိတ်ဆိတ်နေတာပဲ
ဘာဖြစ်တာလဲ""နာရေးသွားကြတယ်လေ"
"ဘယ်သူ့နာရေးလဲ ရုတ်တရက်ကြီး"
တစ်ရွာလုံး တိတ်ဆိတ်ပြီး လူတွေမတွေ့မိတာကြောင့် ထူးဆန်းစွာမေးလိုက်လေသည်
"ရုတ်တရက်ကြီးမဟုတ်ဘူး တောင်ဘက်အိမ်က အဖိုးကြီးကနာတာရှည်ရောဂါသည်လေ
သေမှာအကုန်လုံးကသိတယ်
မနေ့ညက(၂)နာရီကျော်လောက်ဆုံးတယ်ပြောတာပဲ""အော်"
အသံသေးသေးလေးနဲ့ အော် တစ်လုံးသာအသံပြုလိုက်မိသည်
"အဘလေး နာရေး မသွားဘူးလား"
"အခုသွားမှာ လိုက်ချင်လို့လား"
"အွန်း"
မေမေ့မျက်နှာကိုလှမ်းကြည့်လိုက်ပေမဲ့ တခွန်းမှမပြောတာကြောင့်အဘလေးနောက် အရိပ်လိုက်သွားလေသည်
နာရေးအိမ်ရောက်လို့ ဟိုကြည့်ဒီကြည့် လိုက်ကြည့်မိတော့ အပြင်အဆင်ကအရမ်းကြီးတော့ ကြီးကျယ်နေတာမျိုးမဟုတ် ရိုးရိုးတန်းတန်းပင်
နာရေးအိမ်ဖြစ်တာကြောင့် ငိုသူကငိုနှင့် ဧည့်ခံသူကဧည့်ခံ ကျယ်ဝန်းတဲ့ဝိုင်းထောင့်မှာချက်ကြပြုတ်ကြတဲ့သူတွေကတဖွဲ့
ရုပ်အလောင်းကိုတော့ အိမ်ပေါ်မှာတင်ထားတာကြောင့်
နာရေးလာသူလူကြီးတွေက အိမ်ပေါ်မှာတဝိုင်းပင်အဘလေးကအိမ်ပေါ်တက်သွားတာကြောင့် အရိပ် အဘလေးနောက်က ကုပ်ချောင်းချောင်းလေးလိုက်သွားလေသည်
အိမ်ပေါ်ရောက်တော့အသက်(၅၀)အထက်အဘိုးအဘွားတွေချည်းသူတို့နှစ်ယောက်ကိုမြင်တာနဲ့
"ကျောင်းဆရာလေးတို့ အဘလေးတို့ လာလေ ဒီမှာထိုင် ဒီမှာထိုင်"
နေရာတွေအတင်းဖယ်ပေးကြလေသည်
အရိပ်ကတော့ ပြုံးပြုံးလေးနှင့် ခေါင်းတညိမ့်ညိမ့်
အဘလေး နာရေးဖြစ်သူရဲ့မိသားစုဝင်တွေနဲ့ စကားပြောတာနားထောင်ရင်း ကြာတော့ အရိပ် ပျင်းလာလေပြီ
လျှောက်ကြည့်ရင်း အပေါ်ထပ်ပြတင်းပေါက်ကနေ ချက်တဲ့ပြုတ်တဲ့ ဝိုင်းဘက်ဆီ အကြည့်ရောက်သွားလေသည်