"ဘယ်လိုလူမျိုးကမှ ငါ့ကိုအမိန့်မပေးနိုင်ဘူး
ဘယ်သူကအမိန့်ပေးရဲလဲ
ဘယ်သူ့က အေ့ ငါ့ကိုအသံကျယ်ကျယ်နဲ့ ပြောရဲလဲသတ္တိရှိတဲ့ကောင် ထွက်ခဲ့စမ်း"
လမ်းတစ်လျှောက် သိုင်းကွက်နင်းလာကာ ဘယ်ရောက်ညာရောက်နှင့်
အရိပ်မနည်းလိုက်ထိန်းနေရပေသည်
တမာ့ရဲ့ခန္ဓာကိုယ်က ဘယ်ဘက်ကိုယိမ်းလေ သူပါဘယ်ဘက်ကိုလိုက်ရောက်သွားလေနှင့် ဟန်ချက်ပျက်ပြီး နှစ်ယောက်လုံးပစ်မကျအောင်ထိန်းနေရတာကြောင့်
"ကိုတမာ ခင်ဗျား ကိုယ့်ဘာကိုယ်လျှောက်လာတော့
ကျွန်တော်စိတ်မရှည်တော့ဘူး"တွဲထားတဲ့လက်ကို ဖြုတ်ချကာ တမာကိုထားခဲ့ပြီး သူ့ဘာသူအသာလေး လမ်းလျှောက်လာခဲ့လေသည်
နောက်ကိုလှည့်ကြည့်လှည့်ကြည့်နှင့်မို့နောက်ကလူမှာတော့
"ကျုပ်ကို လေသံမာမာနဲ့ပြောပြီး ထားခဲ့ရဲတာလဲ
ကျုပ်ကိုစိန်ခေါ်ချင်တာလား လာလေ ထိုးမလား"ဖုန်တောထဲက ကုန်းရုံးထကာ ဒေါင်ချာဆိုင်း ခေါင်းမဖော်နိုင်သူက စိန်ခေါ်နေသေးတယ်
သူပဲရမ်းနိုင်မလား ငါပဲအော်ဟောက်နိုင်မလားဟု တွေးကာအသံကုန်ဟစ်လို့ မျက်နှာထားတည်တည်နဲ့ အော်လိုက်လေသည်
"ကိုတမာ!!!!! "
"ကျုပ်လာပြီလို့"
"ကျုပ်လာပြီ" ဆိုတဲ့လေသံက မာတောင့်နေတာမျိုးတော့မဟုတ်
ကြောက်လို့ မသိမသာ မာချင်ယောင်ဆောင်ပြီး သိသိသာသာအလျော့ပေးနေတဲ့လေသံမျိုးပင်တမာ့ကို ကြည့်ပြီး အရိပ်က
"စိန်ခေါ်နေသေးတယ် ခင်ဗျားသာကလေးဆို ကျွန်တော်ခေါင်းကို တိန်တိန်ဆိုပြီး မြည်အောင်ခေါက်ပစ်တယ် တကယ်ပဲ"
"အေ့ တိန်တိန် တိန်တိန်"
သူ့ဆီလမ်းလျှောက်လာရင်း ပါးစပ်က တိန်တိန် နဲ့ရွတ်လာသေးသည်
တရွေ့ရွေ့နဲ့အရိပ်အနားရောက်အောင်လာပြီး
"အမေ ကျုပ်ကို ဟိုတစ်ခါတုန်းကလို ကွပ်ပျစ်ပေါ်ထိုင်ခိုင်းပြီး မကန်တော့နဲ့နော်
ကျုပ်တစ်ခါတစ်လေလေး သောက်တာကို
အမေ ကျုပ်ကို သားလေး အစ် သားလေး လာလို့ခေါ်ပြီး မကန်တော့နဲ့နော်"