ကြင်ယာတော်Kimတစ်ယောက် ဂိုလျောနန်းတော်ရဲ့ဥယျာဥ်ထဲဝယ်သစ်ပင်၌ပြုလုပ်ထားသောဒန်းပေါ်တွင် ငြိမ်သက်စွာထိုင်နေ၍ ထိုအပင်ကိုကြည့်နေလေသည်။
Kimနွမ်းလျလျဖြင့်သက်ပြင်းချလိုက်သည်နှင့်တစ်ပြိုင်နက်သာယာငြိမ့်ညောင်းသောအသံကKimနားထဲသို့တိုက်ရိုက်ဝင်လာသည်။
''ဘာတွေသက်ပြင်းချနေတာလဲ Kim''
Kimလှည့်ကြည့်မိတော့လှပစွာမတ်တပ်ရပ်နေသည့်မိန်းမလှလေးတစ်ယောက်ကိုတွေ့လေသည်။ထိုမိန်းကလေးမှာပန်းဆီရောင်သန်းနေသောနှုတ်ခမ်းပါးလေးဖြင့်ပြုံးပြလာသည်။Kimအပြုံးဖျော့ဖျော့လေးပြန်ပေးလိုက်ပါသည်။ထိုမိန်းကလေးမှာ ဂိုလျောရဲ့အရေးပါဆုံးသူ၊ပြည့်ရှင်Jeonရဲ့ချစ်လှစွာသောမိဖုရား၊သဘောထားပြည့်ဝပြီးလူအများကိုတန်းတူညီမျှဆက်ဆံသူ၊ပြည်သူများချစ်ခင်နှစ်သက်ခြင်းကိုခံရသူဖြစ်သည်။
Kimအပြုံးဖျော့လေးဖြင့်''နေကောင်းပါရဲ့လား ၊ မိဖုရား''ဟုပြန်လည်နှုတ်ဆက်လိုက်လေသည်။မိဖုရားကသက်ပြင်းချ၍''တောင်းပန်ပါတယ် Kim''ဟုဆိုခဲ့သည်။
Kimကတည်ငြိမ်စွာကြည့်၍''ဘာကို''မိဖုရားက ''ငါိစိတ်မကောင်းဘူးKim၊ငါနင်နဲ့သူငယ်ချင်းဖြစ်ချင်ပေမဲ့နင်ကစိမ်းသက်နေတယ်၊ပြီးတော့ Jeonကိုငါချစ်တယ်၊သူလဲငါ့ကိုချစ်တာပဲ၊ဒါပေမဲ့လေ ငါကြားတာ နင်ကငါသာမရှိရင် မိဖုရားခေါင်ဖြစ်မှာဆို''ဟုပြောလာခဲ့သည်။
''အခုငါ့ကြောင့်နဲ့''မိဖုရားစကားကို Kimဖြတ်ပြောလိုက်သည်"အဲ့တာကြောင့်ဆိုရင် မိဖုရား စိတ်မပူပါနဲ့ မှားယွင်းတဲ့ဟောကိန်းတစ်ခုကြောင့်မို့လို့ပါမိဖုရား"ဟုပြောလိုက်လိုက်သည်။
ထိုအခါလည်းမိဖုရားက"ဟုတ်တယ်သူတို့ကအယူစွဲလွန်းတယ်"ဟုပြောပြီး "ငါ့ကိုလည်းသူတို့က၊ငါ့သဘောကိုမမေးပဲမိဖုရားတင်မြှောက်တာ၊ဒါပေမဲ့Jeonကိုချစ်တာတော့အမှန်ပဲ"ဟုပြောဆိုလာသည်။
ထိုအချိန်မိဖုရားစကားပြောပုံကိုအခြားတစ်ယောက်မြင်လျှင် ချစ်ဖို့ကောင်းသည်ဟုထင်မြင်မည်ဆိုသော်လည်း Kimမျက်လုံးထဲတွင်နည်းနည်းမှချစ်ဖို့မကောင်းပါ။
မိဖုရားသည်Kimကြည့်နေသောအပင်ကိုကြည့်ရင်းမှရုတ်တရက်မျက်လုံးထဲတွင်မျက်ရည်စများဝဲကာတိတ်တဆိတ်ငိုကျွေးလေသည်။
Kimသည်လည်းရပ်ကြည့်ရင်းမှ"ကိုယ့်မိဖုရား"ဟုခေါ်သောအသံထွက်ပေါ်လာသည်။ထိုအသံသည်နူးညံခြင်း၊နွေးထွေးခြင်းများစွာပါသည်။Kimလှည့်ကြည့်မိလိုက်လေသည်။
ထိုအခါမိဖုရားက"Jeon"ဟုခေါ်ကာပြေးဖက်၍ပိုငိုတော့သည်။အရှင်မင်းကြီးသည်Kimဖက်သို့လှည့်လာပြီး"မင်းကိုငါပြောထားတယ်မဟုတ်လား၊Na Biကိုဒုက္ခမပေးနဲ့လို့"ဟုဆိုလာခဲ့သည်။
Kimကြောင်အစွာငြိမ်သက်ပြီးမှပြောအံဆဲဆဲတွင်မိဖုရားက"Jeon KimကNa Biကိုဘာမှမလုပ်ပါဘူး၊Na Bi မိဘတွေကိုလွမ်းလို့"ဟုဆိုကာ တောင်းပန်တိုးလျှိုးသောအသံဖြင့်ပြောသည်။
အရှင်မင်ကြီးသည်"Na Bi ကိုယ့်ကိုကြည့် ကိုယ့်မိဖုရား၊ကိုယ့်ကိုမချစ်ဘူးလား၊ကိုယ့်ကိုထားသွားဖို့စဥ်းစားနေတာလား"ဟုအရှင်ကပြောသည်။
Kimသူတို့ကိုရပ်ကြည့်နေခဲ့ပါသည်။သို့သော်Kimစိတ်ထဲတွင်ဝမ်းနည်းနေခဲ့သည်။
The end
#အခုရေးတာလေးကလေ ကိုယ်ဖတ်ဖူးခဲ့တဲ့ဇာတ်ကြောင်းလေးကို အမှီပြုပြီးရေးထားတာပါ ပထမဆုံးရေးခြင်းပါ#
YOU ARE READING
စွန့်ပစ်ခံ ကြင်ယာတော်
FanfictionKimအိမ်တော်ရဲ့ဂုဏ်ယူရတဲ့သခင်လေး Kim Seok Jin ကမိဖုရားဖြစ်ဖို့ရွေးချယ်ခံရထားသူဖြစ်ပြီး တစ်နေ့ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်ပေါ်ထွက်လာခဲ့သည် ထိုကောင်မလေးကို ဂိုလျောပြည့်ရှင်Jeonက မိဖုရားခေါင်တင်မြှောက်လိုက်တော့ Kimကရိုးရိုးမိဖုရားနေရာသာရခဲ့တယ် ....နောက်ပ...