Ep3

645 110 33
                                    

Kim ရဲ့ ရလဒ်ကလျစ်လျူရှုခံရခြင်းသာ၊Kim အမှတ်မရှိတာ များလား

**************************

Kimသည် နန်းတော်ဥယျာဥ်ထဲက မက်မွန်ပန်းပင် ကို ကြည့်၍အတွေးလွန်နေစဥ် အထိန်းတော်က
"ကြင်ယာတော်ရဲ့ ဖခင်စစ်သူကြီး Kimရာက်နေပါတယ်"

"ဟုတ်လား..၊ပြန်ကြတာပေါ့ နန်းဆောင်ကို"Kimသည် တည်ငြိမ်သောအမူအရာဖြင့် မက်မွန်ပင်ကို တစ်ချက်ကြည့်၍ လှည့်ထွက်လာခဲ့သည်။

Kim နန်းဆောင်ထဲသို့ ဝင်စဥ်
"ကြင်ယာတော်" စစ်သူကြီး Kim ခေါ်လိုက်သည်။

"စောင့်နေရတာကြာသွားပြီလား.....၊အထိန်းတော်ကြီး ကျွန်တော့် စာဖတ်ခန်းထဲကို ရေနွေးကြမ်း ယူလာပေးပါ..."

"လိုရင်းပဲပြောကြတာပေါ့.. ကြင်ယာတော်နဲ့ ရေနွေးကြမ်းသောက် ဖို့ ကျွန်တော်မျိုး အချိန်မရှိ ဘူး..၊ ဘာကြောင့်..ခေါ်ပါသလဲ.."

စစ်သူကြီးKimသည် သူ၏သွေးသားဖြစ်သော သူနဲ့တောင် ရေနွေးကြမ်း သောက်ဖို့အချိန် မရှိဘူးလား၊ ဒါမှမဟုတ် မသောက်ချင်တာလား ဆိုတာKimမတွေးတတ်တော့.

"ကောင်းပြီ၊ လိုရင်းပဲပြောကြတာပေါ့ ၊စစ်သူကြီးKim ရှီလာ ဘက်ကို သံတမာန်ရေး အရသွားရမယ်၊သိပြီးသားမဟုတ်လား၊ ဒါဆိုထွေထွေထူးထူး ပြောစရာ မလိုတော့ဘူး ထင်တယ်"

"ကျွန်တော်မျိုး သိပြီးသားပါ၊ ဒါနဲ့ ကြင်ယာတော်ကိုလည်း..သတိပေးချင်လို့လာတာပါ၊အထူးသဖြင့် Kimအိမ်တော်ရဲ့ သိက္ခာကျမဲ့ လုပ်ရက် မျိုးကို မလုပ်မိပါစေနဲ့ လုပ်မိသွားရင်လည်း Kimအိမ်တော်နဲ့ မပတ်မိပါစေနဲ့..ဒါဆို...ကြင်ယာတော် သိလောက်ပြီထင်တယ် သွားပါတော့မယ်.."
စစ်သူကြီး Kim ပြန်လှည့်ပြီး ပြန်သွားသည်နှင့် Kimသည် သူ့၏ဖခင်နောက်ကြောကို ဆွေးမြေ့စွာကြည့်နေပြီး မက်မွန်ပွင်ကဲ့သို့ မျက်ဝန်းအိမ်ထဲမှ မျက်ရည်များ ဝဲတက်လာသည်။

Kimသိချင်ပါသည်၊ သူ၏ဖခင်သည်.. အဘယ့်ကြောင့် Kimအပေါ်မှာ စိမ်းသက်ပြီး အေးစက်ရသနည်း..အချစ်မခံရတဲ့ဘဝက အထီးကျန်လိုက်တာ...

စွန့်ပစ်ခံ ကြင်ယာတော်Where stories live. Discover now