Ep 2

772 118 17
                                    

Kim သူတို့ကိုဒီအတိုင်းရပ်ကြည့်နေခဲ့ပါသည်။သို့သော်Kim၏စိတ်ထဲဝမ်းနည်းနေခဲ့သည်။

Kim၏အဖေသည်Kimကိုနွေးထွေးစွာဆက်ဆံခဲ့ဖူးသူမဟုတ်၊သားဖနှစ်ယောက်ကြားချစ်ခြင်းမေတ္တာသည်လည်းရှိလာမည်ဟုKimမထင်ပေ။
Kim၏နာမည်ပြောင်သည် ရေခဲတုံးကြင်ယာတော်ဖြစ်သည်။

အေးစက်ခြင်း၊စည်းကမ်းတင်းကြပ်ခြင်း၊ညှာတာမှုမရှိခြင်း၊ပြုံးရယ်ခြင်းလည်းမရှိသလို အမြဲတစေရုပ်တည်နေခြင်းကြောင့်ဖြစ်ပြီး ထိုအကျင့်တရားများနှင့်အတူထွက်ပေါ်လာသော နာမည်ပြောင်ဖြစ်သည်။

Kimကအေးစက်တာမဟုတ် ကိုယ့်ပုံစံအတိုင်းသာနေခြင်းသာ၊Kimကိုယ်တိုင်စည်းကမ်းလိုက်နာတဲ့လူမို့ သူတို့ကိုKimအတိုင်းစည်းကမ်းတကျရှိနေစေခြင်းသာဖြစ်သည်။
Kimညှာတာမှုကင်းမဲ့တာမဟုတ် Kimညှာတာရင် သူတို့ပေါ့လျော့ပြီး တိုင်းပြည်အတွက် ကောင်းမွန်စွာတာဝန်မထမ်းဆောင်နိုင်မည်ဖြစ်သောကြောင့်ဖြစ်ပေသည်။

Kimအတွေးလွန်နေတုန်း ရုတ်တရက် "ကြင်ယာတော် Kim"ဟုထွက်ပေါ်လာသည်။ထိုအသံထဲတွင် အေးစက်ခြင်းနှင့် အမိန့်သာပေးလိုသောဆန္ဒသာပါဝင်သောအသံဖြစ်သည်။

Kimသည် "ဟုတ်ကဲ့၊ အရှင်"ဟုပြောပြီး နန်းတွင်း၏ဓလေ့ထုံးစံအတိုင်း နှုတ်ဆက်လိုက်သည်။အရှင်Jeonသည်"မင်းအဖေ စစ်သူကြီး Kimကို ရှီလာကိုသံတမာန်ရေး အရသွားရမယ် ပြောထားပါ"ဟုစိတ်မရှည်သောဟန်ဖြင့် အေးစက်စွာထွက်ပေါ်လာသည်။
Kimသည်လည်း"ဟုတ်ကဲ့ပါ၊ အရှင်"ဟုသာပြောခဲ့သည်။

အရှင်တို့ထွက်သွားသည့်တိုင်အောင် Kimသည်ငြိမ်သက်စွာရပ်နေပြီးနောက် ကောင်းကင်ကိုမော့ကြည့်ပြီး မိုးနတ်မင်းအား ဆုတောင်းလိုက်သည်။
"အရှင် ငါ့ကိုတစ်ချက်လောက်ပြန်ကြည့်ပေးပါ၊အချစ်ဆိုတဲ့ အရာကို ငါမတောင်းတရဲပါဘူး၊တောင်းတခွင့်မရှိဘူးလို့ဆိုရမလား၊ ဒါပေမဲ့ တစ်ခါလောက်ပါပဲ တစ်ခါလောက်ပဲ လှည့်ကြည့်ပေးအောင် ကူညီပေးပါ"ဟုဆုတောင်းခဲ့သည်။

######################

အရှင်သဘောကျတဲ့အရာတွေ၊ အရှင်ကြိုက်တဲ့ စားစရာတွေ နောက်ဆုံးအရှင်ဘယ်လိုစာအုပ်ဖတ်ရတာကြိုက်တယ် ဆိုတာကအစ Kimစုံစမ်းခဲ့ဖူးသည်။အိမ်ရှေ့စံရဲ့ ကိုယ်ရေးကိုယ်တာဖြစ်သည့်အတွက် စုံစမ်းခွင့်မရှိပေမဲ့ Kimမိဖုရားလောင်း အခွင့်အာဏာနဲ့စုံစမ်းခဲ့ဖူးသည်။
Kimတစ်ခေါက်လောက်ပဲ အာဏာသုံးပြီး အမိန့်ပေးခဲ့တာဖြစ်သည်။နောက်Kimဘဝတွင် အာဏာအမိန့်ပေးပြီး မစေခိုင်းတော့ပေ။ ထိုတစ်ခေါက်သည်လည်း Kimချစ်တဲ့ချစ်ရသူကြောင့်ဖြစ်သည်။

နန်းတွင်းမဝင်စဥ်ကတည်းကKimသူကြိုက်တဲ့ပုံစံ၊ မိဖုရားကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားသင်ယူခဲ့သည်။"မိဖုရားဖြစ်မည် "ဟူသောဟောကိန်းကြောင့် ကလေးဘဝမှရသင့်သောလွပ်လပ်မှာတို့ကိုဆုံးရှုံးခဲ့သည်။
မိဖုရားတစ်ယောက်ရဲ့ကိုယ်ကျင့်တရား၊အပြုအမူကအစKimလမ်းလျှောက်ပုံအဆုံးသင်ယူခဲ့ရသည်။ Kimလွပ်လပ်မှုကိုဆုံးရှုံးရလို့ ဝမ်းမနည်းခဲ့ပါ၊

Kimကတစ်နေ့ကျရင်ပြည်သူတွေအတွက်တာဝန်ကျေပွန်တဲ့လူတစ်ယောက်ဖြစ်လာရမည်၊Kimချစ်ရသူရဲ့ နားဘေးမှာနေပြီး ကောင်းမွန်သောလက်တွဲဖော်ဖြစ်လာရမည်ဆိုသော လောဘကြောင့်ဖြစ်သည်။

Kimသူ့ကိုနန်းတွင်းပွဲတော်၌စတွေ့ကတည်းကပင်မေတ္တာသက်ဝင်မိသွားသည်။အနက်ရောင်ပိုးသားဝတ်ရုံပေါ်တွင် ရွှေရောင်ချည်ကြိုးလေးများဖြင့်ရက်လုပ်ထားသောငှက်ပုံစံပါသည့်ဝတ်စုံနှင့် ဆံပင်တစ်ဝက်ကိုစည်းနှောင်ထားပြီး ရွှေဝါရောင်ဆံထိုး ကိုဆံပင်ထက်၌ စံမြန်းထားသော သူ့ပုံစံသည်
Kimကိုစွဲလန်းစေခဲ့သည်။

စတွေ့ကတည်းကတည်တံ့သောမျက်နှာသည် Kimကိုမြင်လျှင် ပို၍ အေးစက်သွားသည်။

Kimသူနွေးထွေးစွာပြုံးသည်ကိုမြင်တွေ့ချင်ခဲ့ဖူးပါသည်။Kimမမြင်ခဲ့ဖူးတာမဟုတ် တွေ့မြင်ခဲ့ဖူးပါသည်။သူ၏ချစ်လှစွာသော မိဖုရားနှင့်ဆုံတွေ့နေချိန်ဖြစ်သည်။
မိဖုရားနှင့်ဆုံတွေ့ချိန်တွင် သူ၏မျက်ဝန်းမှာ နေရောင်ခြည်ကဲ့သို့ နွေးထွေးပြီး ချစ်ရိပ်သန်းနေသောနှုတ်ခမ်းပါးလေးဖြင့်ပြုံးနေခဲ့သည်။

Kimအရှင်ကြိုက်နှစ်သက်သည့် စားစရာများကိုချက်ပြုတ်ပေးခဲ့ဖူးသည်၊ အရှင် "ငါ့ကိုများပြန်လည်ကြည့်မလား" လို့ပါ။Kimလက်ထိုးတဲ့ပုံစံလေးပေါ့ ဒါပေမဲ့ Kimရဲ့ရလဒ်က လျစ်လျူရှုခံရခြင်းသာ၊ Kim အမှတ်မရှိတာများလား။

#ဒီနေ့ထပ်ပြီးupပေးလိုက်ပါတယ်၊ပျင်းနေပြီလား အေးစက်စက်နိုင်နေလို့လေ ကိုယ်ကဒီနေ့ Kimရဲ့ Jeonအပေါ်ထားတဲ့ ချစ်ခြင်းကိုရေးတာပါ၊ နောက်မှဖြေးဖြေးချင်း လောင်တာပေါ့##

စွန့်ပစ်ခံ ကြင်ယာတော်Where stories live. Discover now