Ep4

634 111 20
                                    

"မိဖုရား တစ်ပါးရဲ့ တာဝန်ဝတ္တရား ကိုတောင် မလုပ်နိုင်ဘဲနဲ့ အဲ့ဒီ့ပလ္လင်ပေါ်မှာထိုင်ရဲတာ.. မျက်နှာပြောင် ..မတိုက်လွန်းဘူးလား.."

*****************

ဟုတ်တယ်.. နိုင်ငံရဲ့ မိဖုရားတစ်ပါးဖြစ်ပြီး..ပြည်သူတွေအပေါ်..တာဝန်မကျေနိုင်ဘဲနဲ့..ဘယ်လိုတောင်..မျက်နှာပြောင်တိုက်ပြီး..အဲ့ဒီ့လို စကားမျိုး ပြောထွက်ရဲတာလဲ..
ပြည်သူတွေအပေါ်.. အားမနာဘူးလား

သူမနေခဲ့တဲ့ နေရာမဟုတ်ပေမဲ့..နောက်ကျရင် သူမနေရတော့မဲ့  တိုင်းပြည်ဖြစ်လာပြီး.. နိုင်ငံရဲ့ ပြယုဒ် ဖြစ်လာတော့မှာ..
သူမက Kimချစ်ရတဲ့လူနဲ့အတူနေရတော့မှာ.
ဒါလေးတောင် မလုပ်နိုင်ရင်..သူမကKim ချစ်ရတဲ့လူနားမှာ...  ဝန်ထုပ်၊ဝန်ပိုးလို ဖြစ်နေမှာ၊ချစ်ရတဲ့ လူဘေးနားမှာ ဝန်ထုပ်၊ဝန်ပိုးကိုKim မကြည့်နိုင်ဘူး

"ဟက်"
"နောက်ဆုံးတော့... ရှင်က ..သူတို့ပြောသလို တစ်ကိုယ်ကောင်း သမားပဲ...."မိဖုရားသည် မဲ့ပြုံးပြုံးပြီး ဆက်ပြောလေသည်။

"ရှင်က သူများတွေပြောသလိုပဲ.. မိဖုရားနေရာကို တက်မက်နေတာ၊မနာလိုပြီး..အခွင့်ရေးရတာနဲ့. ထိုးချချင်နေတာ..Jeon..ပြောတာ မှန်ခဲ့တာပဲ..အခုမှ ရှင့်ရဲ့...အပုပ်နံ့က အခုမှ..ထွက်လာတော့တယ်.."

"ကျွန်မ အစကတည်းက Jeon..ပြောတာ ယုံခဲ့သင့်တာ..Jeon.. ပြောသလိုပဲ ရှင်က..သိုးရေခြုံထားတဲ့ ဝံပုလွေလိုမျိုး..စာနာမှု မရှိဘူး..၊ကိုယ်ချင်းစာ တရားမရှိဘူး..၊မာနကို ထိပ်ထားစံပြီး..အာဏာရူး ရူးနေတဲ့ အရူး...၊နောက်ဆုံး မျက်နှာသေ နဲ့ မကောင်းဆိုးဝါး.."
မိဖုရား သည် မျက်နှာများ နီရဲကာ တစက် စက် တုန်ရီပြီး အော်ဟစ်ပြောနေခဲ့သည်။

"ကျွန်မ Jeonကိုသနားလိုက်တာ..ရှင်တို့လို အတ္တကြီးပြီး..အာဏာရူးနေတဲ့ လူတွေကြားထဲမှာ.. ဘယ်လောက်တောင် မွန်းကြပ်ခဲ့ရ ပါလိမ့်.. အထူး သဖြင့်ရှင့်လို တစ်ကိုယ်ကောင်းဆန် တဲ့လူကို ကြင်ယာတော်.. တော်ကောက်ခဲ့လို့.."မိဖုရားသည် မဲ့ပြုံးဖြင့်ပြောနေလေသည်။

Kimသည် မျက်နှာသေဖြင့်
"မိဖုရားလဲ ..အတူတူ ပဲထင်တယ်..၊သူများကိုပဲ.. အားကိုးနေတာလေ..ဒါလေးတောင်..ဖြစ်မြှောက်အောင်.. မလုပ်နိုင်ဘဲနဲ့..ဘယ်ကိုလာပြီး.. အသံကောင်းလာ.ဟစ်နေတာလဲ.."

"မိဖုရား ..နေလာတဲ့ နေရာက ဘယ်လိုမှန်း မသိပေမဲ့..ဒီနေရာမှာ..ဒီလိုနေလို့မရဘူး..နန်းတွင်းထဲမှာ.. နေရတာ.. ရေခဲပြင် ပေါ် လမ်းလျှောက်ရသလိုပါပဲ...ခြေလှမ်း. တစ်လှမ်းမှားတာနဲ့.. ဟန်ချက်ပျက်ပြီး..ပြုတ်ကြကုန်မှာ..
ဂိုလျောက မိဖုရားရဲ့ အိမ်ဖြစ်တော့မှာပါ..၊ပြည်သူတွေက. မိဖုရားရဲ့သား၊သမီးလိုဖြစ်ပြီး..မိဖုရားက နိုင်ငံ့ မိခင်ဖြစ်မှာပါ.."

"ဒါပေမဲ့ နိုင်ငံ့ရဲ့ မိခင်က..ဒါလေးကိုတောင် ​ဖြစ်မြှောက်အောင်.. မလုပ်နိုင်ဘဲနဲ့..ပျက်စီးသွားအောင်ပဲ  လုပ်တတ်တဲ့ အရည်အချင်း..မရှိတဲ့လူ..လို့ ပြည်သူတွေကို ထင်စေချင်ရင်..ဒီတိုင်းပဲ.ဆက်နေပါ.."Kim ခပ် ပြက်ပြက်ပဲ ပြောလိုက်သည်။

Kim၏စကားများသည် မိဖုရား၏မျက်နှာကို ဖျက်ရိုက်နေသကဲ့သို့ ဖြစ်နေလေသည်။

မိဖုရားသည်မျက်နှာတစ်ချက်ပျက်ပြီး  မဲမှောင်သော မျက်နှာနှင့် Kim၏ စာဖတ်ခန်းမှ အပြင်သို့ ခြေစောက် ကာ ထွက်သွားလေသည်။

Kimသည် မိဖုရားထွက်သွားပြီးနောက် ဟန်ဆောင်ထားသော မျက်နှာမှာ ပြိုကျပြီး စာကြည့်စားပွဲခုံကို အားပြုကာ ထိုင်နေတော့သည်။Kimသည် လက်များ တစက်စက် တုန်ရီကာ လက်ဖြန်ကြောများ ထောင်သည် အထိ လက်သီးကိုဆုပ်ထားလေသည်။

Kimဝမ်းနည်းတယ်၊မိဖုရားပြောခဲ့တဲ့စကားထဲမှာ အရှင် Kimကိုမြင်တဲ့ပုံစံက မကောင်းဆိုးဝါး တဲ့လား..မျက်နှာသေနဲ့တဲ့လား..အရှင် ..Kimနူးညံပြရင် ၊အရှင်..Kimကိုကြည့်လာမှာမို့လို့လား..Kimကိုမကြည်မဲ့အတူတူတော့..Kimချစ်ရတဲ့သူရှေ့မှာ မနူးညံ့ပြချင်ဘူး..

Kimမျက်နှာက မျက်နှာသေဖြစ်ပေမဲ့ အရှင်နဲ့တွေ့ရင်..ပြုံးယောင်သမ်းနေတာ ..အရှင် ကိုယ်တိုင်မှ မြင်အောင်မကြည့်ခဲ့တာ..အရှင်နဲ့တွေ့ရင်  ရယ်မောပျော်ရွှင်နေတဲ့ Kimရဲ့နှလုံးသားကို အရှင်မှ မမြင်ခဲ့တာ..

Kimထိုသို့တွေးပြီးနောက် လူတစ်ယောက်ကြည့်နေသလို ခံစားရလို့ လှည့်ကြည့်လိုက်တော့ အရှင် ဖြစ်နေလေသည်။

အရှင့်ကိုနှုတ်ဆက်ရန် Kimမတ်တပ်ရပ်လိုက်သည်။အရှင်သည် Kimဆီမြန်မြန် လျှောက်လာပြီး

!!ဖြောင်း!!
ဘာမှရေရေ ရာရာမသိပဲ ၊ပါးတစ်ဖက် ပူထူသွားတဲ့အတူ နာကျင်လာတဲ့ခံစားချက်နဲ့ သတိပေးစကား ဝင်လာတယ်။

********
မျှော်နေပြီထင်လို့ upလိုက်တာပါ၊ ကို ရေးတာလေးတွေက မလောင်ပါဘူးနော် ပေါ့ပေါ့ပါးပါး ပါပဲ ဟုတ်တယ်မလား ၊ ကို နောက်တစ်ခါ ပြောစရာလေးတွေရှိတာ နောက်မှပြောပါ့မယ် မင်းတို့လေးတွေပေးတဲ့ ment နဲ့ voteလေးကိုမျှော်နေပါ့မယ် စာထဲမှာ တစ်ခုခု မှားခဲ့သည် ရှိသော် တောင်းပန်ပါတယ်*****

စွန့်ပစ်ခံ ကြင်ယာတော်Where stories live. Discover now