''မယ်တော်က...ကျွန်တော့်ကို.. မချစ်ဘူးလား"
*********************************
''အထိန်းတော်ကြီး..ကျွန်တော့ရဲ့.. အရုပ်ကျန်ခဲ့တယ်...''ပြောပြီး မိဖုရားကြီးအဆောင်သို့ ပြေးထွက်သွားလေသည်။''အရှင့်သား..ခဏလေး.. စောင့်တော်မူပါ..အရှင့်သား''အထိန်းတော်သည် အော်ခေါ်ပြီး ပြေးလိုက်လေသည်။
ကလေးဖြစ်သော အိမ်ရှေ့စံနောက်သို့ အထိန်းတော် မနည်းပြေးလိုက်ခဲ့ရသည်။
''အရှင့်သား..မြန်လိုက်တာ..ကျွန်တော်မျိုး..မနည်းပြေးလိုက်ခဲ့ရတယ်...''အထိန်းတော်သည် မောနေသော အသံကို ထိန်းပြီး
''အရှင့်သား..၊အရှင့်သား...''အထိန်းတော်သည် အရှင့်သားကြည့်သောနေရာကို ကြည့်လိုက်သောအခါ မိဖုရားကြီးနှင့် စစ်သူကြီးKim၏ ဇနီးနှင့်သားရောက်နေသည်။Jung Kookရောက်ပြီးမကြာ မယ်တော်၏ဥယျာဥ်ထဲ၌ ရယ်သံကိုကြားရ၍ တိုင်နောက် အကာအကွယ်ယူပြီး ဥယျာဥ်ထဲသို့ လှမ်းကြည့်လေသည်။
မယ်တော် ရယ်နေတယ်..အဲ့လိုရယ်တာမျိုး ကျွန်တော် မမြင်ဖူးဘူး..ပြီးတော့ မိန်းမတစ်ယောက်နဲ့...ကလေးတစ်ယောက်..ကျွန်တော့်ကိုကျတော့ ..မောင်းထုတ်ပြီးတော့..ဒီကလေး..ကိုတော့ အပြုံးတွေပေးနေတာပေါ့လေ.....
"အထိန်းတော်ကြီး...အဲ့ဒီ့ကလေးက.. ဘယ်ကလဲ''
''Kimစစ်သူကြီးရဲ့ သားပါ...''
''အော်..ဘယ်သူများလဲလို့..နိုင်ငံရဲ့..မရှိမဖြစ်လေးကိုး....''Jung Kookသည် အသံကိုစွဲ၍ ပြောလေသည်။
''မင်းနဲ့တွေ့ကြပြီပေါ့ Kim Seok Jin''************************************
Jung Kookသည် မနေ့ညက မက်သော အိမ်မက်ကိုစဥ်းစားပြီးနောက် ရင်ထဲနေလို့ မကောင်းတော့ပေ။ဖတ်လက်စ စာအုပ်ကိုပိတ်ပြီး''အထိန်းတော်ကြီး."
"Na Bi အတွက်... အနောက်တောင်တန်းက ဆက်သ လာတဲ့ အသီးကို ယူလာခဲ့ပါ..''''အသီးအကုန်လုံးကိုပါလား..အရှင်မင်းကြီး''
''ဟုတ်တယ်..မြန်မြန်ယူလာခဲ့ပေးပါ..''''အရှင် အဲ့အသီးတွေက ကြင်ယာတော် Kimအတွက်လည်း ပါ ပါတယ်''
''ဘယ်သူက ဂရုစိုက်လို့လဲ..ဒီတိုင်းပြည်ရဲ့ အရှင်ဘုရင်ဖြစ်တဲ့ ...ကိုယ်တော့် စကားကို...အဖက်မလုပ်တာလား...''Jeonသည် အထိန်းတော်ကြီးအား စိုက်ကြည့်၍ ပြောလေသည်။
YOU ARE READING
စွန့်ပစ်ခံ ကြင်ယာတော်
FanfictionKimအိမ်တော်ရဲ့ဂုဏ်ယူရတဲ့သခင်လေး Kim Seok Jin ကမိဖုရားဖြစ်ဖို့ရွေးချယ်ခံရထားသူဖြစ်ပြီး တစ်နေ့ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်ပေါ်ထွက်လာခဲ့သည် ထိုကောင်မလေးကို ဂိုလျောပြည့်ရှင်Jeonက မိဖုရားခေါင်တင်မြှောက်လိုက်တော့ Kimကရိုးရိုးမိဖုရားနေရာသာရခဲ့တယ် ....နောက်ပ...