Ep 6

668 110 21
                                    

နေရောင်ခြည် နွေးနွေးလေး ဖြာကျနေတဲ့မနက်ခင်း မြူစက်လေးတွေ ကျေးငှက်လေးတွေရဲ့ သီချင်း သီဆိုသံ နဲ့ အတူ Kim နိုးထလာခဲ့သည်။

အေးစက်နေတဲ့ အိပ်ရာ တစ်ဖက်ခြမ်းကို ကြည့်ပြီး
သွားပြီထင်တယ်.... အေးလေ ဘာထူးဆန်းလို့လဲ...မသွားမှ ထူးဆန်းတာ မဟုတ်လား...
''ဟွန့်" Kimတွေးနေတာရပ်လိုက်ပြီး ထလိုက်ချိန်
!!အ!!

လူတစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေသည်။နှုတ်ခမ်းတွေလည်း ဖြူဖျော့နေပြီး ကိုယ်လေးနွေးတေးတေး ဖြစ်နေသည်။

"အထိန်းတော်ကြီး...အထိန်းတော်ကြီး"Kim ၏ အသံသည်စိတ်မရှည်သော အသံဖြစ်လျက်
"ဟုတ်ကဲ့....ကျွန်တော်မျိုး... ရောက်ရှိကြောင်းပါ...ကြင်ယာတော်...."

"ဘယ်တွေ သွားနေလို့...ဒီလောက် အော်ခေါ်တာတောင်... မကြားတာလဲ..."
"ဟုတ်ကဲ့...နန်းတွင်းသူကို...သမားတော်ကြီး..ဆီမှာ..ကြင်ယာတော် အတွက်... ဆေးသွားယူခိုင်းတာပါ....."

"ဆေး..ဘာလုပ်မလို့လဲ.. နေမကောင်းလဲ..ဖြစ်နေတာမဟုတ်ပဲနဲ့....''
''အားတိုးဆေးပါ..ညက ကြင်ယာတော်ဆီ..အရှင်မင်းကြီး...''
''အထိန်းတော်ကြီး''Kimအသံသည် မာလျက်

"ကျွန်တော် ..ယောကျ်ားပါ..ဘာအားဆေးမှသောက်စရာမလိုဘူး...ကျွန်တော့်ကို...ပျော့ညံ့တယ်လို့.... ထင်နေတာလား....."

အထိန်းတော်သည် ပြာပြာသလဲ
"ကျွန်တော်မျိုး..မထင်ဝံ့ပါဘူး..ဒီအစေခံကို   ခွင့်လွှတ်ပေးတော်မူပါ...''အထိန်းတော်ကြီးသည်... ဒူးထောက်လျက် တောင်းဆို၏

Kimသည် ပင့်သက်ရှိုက်လျက်..သက်ပြင်းချပြီး
''အထိန်းတော်ကြီး..နောက်သတိထားပေးပါ..အခု..ကျွန်တော်..ကိုယ်လက်သန့်စင်ဖို့.. ကူညီပေးပါ.."

အထိန်းတော်ကြီးသည် ချက်ချင်း မတ်တပ်ထရပ်၍
"ဟုတ်ကဲ့.. ကြင်ယာတော်..ကျွန်တော်မျိုး..နောက်ဆို သတိထားပါ့မယ်..ဒီဖက်ကိုကြွပါ..ပြင်ဆင်ပြီးပါပြီ..."

Kimသည်  ခေါင်းတရမ်းရမ်းဖြင့် သက်ပြင်းခိုးချလေသည်။
မနက်ခင်းကို  သက်ပြင်း နှစ်ခါတောင် ချပြီးပြီပဲ Kim Seok Jin

Kimသည် အမွှေးနံသာ ပေါင်းစုံဖြင့်ပြုလုပ်ထားသော ရေချိုးကန်ထဲ၌ မျက်ဝန်းများကို မှိတ်ထားကာ ရေချိုးကန်ထဲတွင် မှီလျက်ထား၍ အတွေးလွန်နေသည်။

စွန့်ပစ်ခံ ကြင်ယာတော်Where stories live. Discover now