"ဟိတ်""ကျွန်တော်လား"
"အင်း နင် ငါမေးစရာရှိလို့"
"ဟုတ်ကဲ့ဗျ"
"နင်နာမည်ဘယ်လိုခေါ်လဲ"
"ဇွန်လို့ပဲ ခေါ်လို့ရတယ် မမီးမီး"
"နင်မိန်းကလေးမလား"
"ဗျာ ဟုတ်"
"ဆံပင်ညှပ်ဆိုင်လိုက်ပို့ပေးပါလား"
"မင်းကဆံပင်ညှပ်ချင်လို့လား"
ဇွန့်ကိုမေးနေတုန်း နောက်ကျောမှ အသံသြသြကြီးကြားလိုက်ရသဖြင့် လန့်ပြီးတုန်သွားရသည် လှည့်ကြည့်မိမှ သူမ၏ ယောကျ်ားဆိုသူ။
"ဘာလို့လဲ "
" မလှဘူး"
"အတိုနဲ့ကျ လှမယ်ထင်လို့လား"
မျက်စောင်းလှလှလေးတစ်ခုဟာဒဏ္ဍာ့သခင်ပေါ် ကျရောက်လာလျက်။
"အဲ သိဖူးလေ ဒါပေမယ့် အခုက မလှလို့ထက် စိတ်ရှုပ်လို့ပါ ကိုယ့်ကိုကိုယ်ဘယ်လိုစိတ်နဲ့ ဒီလောက်ဆံပင်အရှည်ကြီးကို ပျက်စီးအောင်ဆေးတွေဆိုးထားမိလဲမသိဘူး ခေါင်းဖြီးရတာလည်းမကောင်းဘူး အခုအရောင်တွေမညီတော့ လှလည်းမလှဘူး ကြမ်းလည်းကြမ်းနေတာပဲ ရှင်ကြည့်ပါလား ဖွာကြမ်းနေတာပဲ"
ဒဏ္ဍာ့ တယုတယဖြီးပေးဖူးသော ဆံပင်များကို ကိုင်ကြည့်မိတော့ ဆေးထိထားသော ဆံပင်များသည် တကယ်ပင်ဖွာကြမ်းနေသည်
ဇွန်ကတော့ အသာပင်ထိုနေရာက ထထွက်လာလိုက်သည်
"ဘယ်လောက်အတိုညှပ်ချင်တာလဲ"
"ဒီလောက်လောက်"
စိတ်ထဲရှိတဲ့အတိုင်း မေးလောက်လေးထောက်ပြလိုက်သည် တကယ် ဒီဆံပင်တွေနဲ့စိတ်ရှုပ်နေပြီ
"တိုလွန်းတယ်"
"မလှဘူးလားအဲ့လောက်ဆို"
"မသိဘူး တစ်ခါမှ မင်းကို တိုတိုလေးနဲ့ မမြင်ဖူးဘူး"
"အာ့ဆို မမုန်းတော့ဘူးလား"
ငြူငြူစူစူပြောသံလေးမှာ ဘာဖြေလို့ဖြေရမှန်းပင် ဒဏ္ဍာ့သခင်မသိပါ
"ဟိုနေ့က ကြည့်ရတာမုန်းနေတယ်ထင်လို့"
"မုန်းစရာကောင်းအောင် မနေခဲ့ရင် ငါလောက်မင်းကိုချစ်တာ ငါပဲရှိတာပါ"

YOU ARE READING
as long as you love me
عاطفية"မီးမီးက ကိုကို့ကိုမလိုက်ပဲ တစ်ခြားရုပ်ချောတဲ့ကောင်လေးကိုပဲရွေးပြီးလိုက်နေတာ" "ကိုကိုက ကိုကိုက ပုန်းနေတော့မီးမီးမှမတွေ့တာ အဲ့တာကြောင့်တွေ့တဲ့သူကိုလိုက်လိုက်ရတာ" "ပုန်းနေရင်လိုက်ရှာလေ လိုက်ရှာရအောင်လို့ပုန်းတာမသိဘူးလားအဲ့တာကိုမရှာတဲ့အပြင် အဲ့ကောင်နော...