》》7《《

61 10 2
                                    

[Unicode]

For the First Time

မသိစိတ်က ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းတွေက သူ့အတွက် ရည်ရွယ်ခဲ့တာပါ ကျွန်တော်က အဖြည့်ခံတစ်ယောက်ဆိုတာ သိပေမဲ့လည်းပေါ့ ပိုင်ရှင်ရှိပြီးသား လူသားတစ်ယောက်ကို ချစ်ရတာက ဘယ်လောက်ပင်ပန်းရသလဲ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ သိခဲ့ပါပြီ

》》》》》》》》》》《《《《《《《《《《

Past 1994 (Pluto Years)

ယမန်နေ့က ဖြစ်သွားခဲ့သည့် ကိစ္စအပေါ် နေနတ်မင်းသည် ယခုထက်ထိတိုင် အခဲမကြေဖြစ်နေဆဲဖြစ်သည်။ သူသည် ပလူတိုဂြိုဟ်မှ ဟီလာပြန်လာသည်ဆိုသည့် သတင်းကြားသည်နှင့် ချက်ချင်းပင် ဟီလာထံသို့သွားရောက်တွေ့ဆုံခဲ့သည်။ ထို့နောက် စကားများပြောကြရင်း ဟီလာပြောလိုက်သည့် စကားတစ်ခွန်းအပေါ် ဒေါသအမြတ်တို့သည် ယခုထက်ထိတိုင် ရှိနေသေးသည်။ ဟီလာပြောလိုက်သည်ကား “မင်းလို အာဏာပဲသုံးတတ်တဲ့သူက အရေးမပါလို့ နောက်ပြီး အဲ့ကလေးက ငါတွေ့ဖူးသမျှ စောင့်ရှောက်သူတွေထဲမှာ အထူးခြားဆုံးပဲ”ဟူ၍ပင် ဖြစ်သည်။

စောင့်ကြည့်နေလိုက်ပါ ဟီလာ အာဏာပဲသုံးတတ်တဲ့ ကောင်က ဒီစကြဝဠာကြီးကို ဘယ်လိုအပိုင်သိမ်းပြီး အနိုင်ယူပြမလဲဆိုတာ။ နောက်ပြီး အဲ့ကလေးကထူးခြားတယ်။ အဲ့ထူးခြားချက်ကိုပဲ သုံးပြီး အဲ့ကလေးကိုယ်တိုင် ဖျက်ဆီးအောင်လုပ်ပေးမှာ။

နေနတ်မင်း Zon (ဇောန်)သည် သူ့အကြံနှင့်သူ သဘောကျနေလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် Serenityနှင့်ပတ်သက်သည့် အကြောင်းတစ်ခုအား သူကြားသိထားသောကြောင့်ဖြစ်သည်။

သည်လိုနှင့် ရာသီစက်ဝန်းသည် လည်ပတ်လာခဲ့ရင်း Serenityသည်လည်း အရွယ်ရောက်ပြီးသော ကောင်လေးတစ်ယောက်ဖြစ်လို့လာသည်။ စောင့်ရှောက်သူတို့ သိသင့်သိအပ်သော စာပေများ၊ တတ်ထားထားမည့် ကိုယ်ခံပညာများအပြင် အခြားသော နေရာများတွင်လည်းထူးချွန်သည်။ သို့သော်လည်း Serenityသည် ယခုထက်ထိ အဆော့မက်သောကလေးလေးဖြစ်နေဆဲပင်။

ယခုလည်း စကြဝဠာတွင်းတွင် စူးစမ်းချင်စိတ်ဖြင့် ထွက်လာခဲ့ပြီး တစ်နေရာအရောက် သစ်ပင်တစ်ပင်အား မှီကာ စာထိုင်ဖတ်နေသည့် သူတစ်ဦးအား တွေ့လိုက်သည်မလို့ ဉာဥ်ဆိုးလေးသည် ပေါ်လာခဲ့ပြီး အကြံအား အကောင်အထည်ဖော်တော့သည်။

ရာသီဥတုသည် သာယာနေပြီး စာဖတ်ရန် သင့်တော်သော ရာသီဥတုဖြစ်သည်မလို့ Aardeသည် စာအုပ်တစ်အုပ်အားယူကာ အရိပ်ကောင်းကောင်းရသော သစ်ပင်ခြေရင်းတွင်ထိုင်ကာ စာဖတ်နေသည်။

ကျွန်တော်က ကမ္ဘာမြေကို စောင့်ရှောက်ရတဲ့ Guardianပါ။ အထူးသဖြင့် သစ်ပင်တောအုပ်တွေနှင့် ကမ္ဘာမြေကြီးရဲ့ ငြိမ်းချမ်းရေးကို အဓိက တာဝန်ယူရတဲ့ သူပေါ့။ စာပေတွေကို မြတ်နိုးပြီး ပုံမှန်အားလပ်ချိန်တွေတိုင်း အခုလို အေးအေးဆေးဆေးဖြတ်သန်းလေ့ရှိတယ်။ လူသားတွေမမြင်နိုင်တဲ့ တစ်ဖက်ခြမ်းမှာ ဒီကမ္ဘာကို စောင့်ရှောက်ဖို့က ကျွန်တော်တို့ တာဝန်ပဲလေ။

အခုကတော့ တာဝန်တွေလည်း ပါးနေချိန်ဖြစ်တာကြောင့် စာအုပ်ဖတ်ရန် အရိပ်ကောင်းတဲ့ သစ်ပင်တစ်ပင်ကို ရှာပြီး အေးဆေးစာဖတ်မလို့ပါ။ စာအုပ်ဖတ်နေရင်းပင် ကျွန်တော့ခေါင်းအနောက်ကို လွင့်စင်လာသော အရာတစ်ခု။ ဘာမလို့ ဒီလောက်ထိ နာရတာလဲဟုတွေးကာ ကြည့်လိုက်တော့ ဥက္ကာခဲ တစ်ခု။ ဘယ်သူများလဲလို့ လှမ်းကြည့်မိလိုက်တော့ မြက်ပင်တွေကြားမှာ ပုန်းနေတဲ့ လူရိပ်ကိုလှမ်းတွေ့လိုက်တယ်။ ဂရုမစိုက်ပဲ စာအုပ်ကို ပြန်အာရုံစိုက်လိုက်တော့ ထပ်ပြီးလာမှန်ပြန်တဲ့ ဥက္ကာခဲ။

ထို့နောက် နမ်ဂျွန်းသည် မဖြစ်တော့ဘူးဟုတွေးကာ နေရာမှထပြီး ဥက္ကာခဲများ၏ မူလရင်းမြစ်နေရာသို့သွားလိုက်တော့သည်။

ကျွန်တော်စနောက်လိုက်တာတောင် ဘာတုံ့ပြန်မှုမှမလာသည့် ထိုသူကြောင့် စိတ်ပေါက်ပေါက်နှင့် နောက်ထပ်တစ်ခေါက်ထပ်ပြီးတော့ ဥက္ကာခဲလုံးကိုပစ်လိုက်မိသည်။ ဒီတစ်ခါ ပစ်ပြီး ပြန်ကြည့်လိုက်တော့ နေရာတွင်မရှိတော့။ ဘာလဲ ဘာမှမပြောပဲ ထပြန်သွားတာလား။ ဒါမှမဟုတ် ခံစားချက်မရှိတဲ့ စက်ရုပ်လား။

“ဒီလူကြီးကို စရတာ ပျော်ဖို့လည်း မကောင်းဘူး”

“ဘယ်လူကြီးကလဲ”

134340:THE PLUTOWhere stories live. Discover now