》》4《《

74 13 4
                                    

Unicode

Where Am I?

လူသားတွေမမြင်နိုင်တဲ့ အခြားကမ္ဘာတစ်ခြမ်းဆိုတာကို ခင်ဗျားတို့ ယုံကြည်လား။ ဘယ်လိုပြောပြရမလဲ ကောင်းကင်ဘုံလည်းမဟုတ် ငရဲလည်းမဟုတ်ပဲ လူသားကမ္ဘာလို နောက်ထပ်စကြဝဠာတစ်ဖက်ခြမ်း။ အပြိုင်ကမ္ဘာမဟုတ်တဲ့ အပြိုင်ကမ္ဘာလိုမျိုးပေ့ါ။ ကျွန်တော်လည်း အစပိုင်းမှာ ယုံတယ်လည်းမဟုတ်ပေမယ့် လုံးဝမယုံကြည်တာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့ အဖြစ်အပျက်တစ်ချို့ကို မျက်ဝါးထင်ထင်တွေ့ပြီးတဲ့အခါမှာတော့ အကြွင်းမဲ့ယုံကြည်လာခဲ့တယ်။

》》》》》》》》》》《《《《《《《《《《

မနက်ခင်း 8နာရီ

ပုံမှန်တစ်နေ့တာလိုပါပဲ နမ်ဂျွန်းသည် လုပ်ရိုးလုပ်စဥ်များကို လုပ်ကာစက်ဘီးလေးနင်းရင်း ကျောင်းတော်ကြီးဆီသို့ ဦးတည်နေခဲ့သည်။ မီးပွိုင့်မိသည်မလို့ မီးစိမ်းသည်အထိ ခဏစောင့်နေလေသည်။ ဒီနေ့မှ နားကြပ်တပ်လာမိသည်မလို့ ဘေးပတ်ဝန်းကျင်ကိုလည်း သိပ်ပြီးအာရုံမစိုက်ဖြစ်။ အကယ်၍ နမ်ဂျွန်းသာ အာရုံစိုက်မိမည်ဆိုလျှင် တီဗွီစခရင်ထက်ရှိ ကြယ်မိုးများ ရွာချသည့်အကြောင်း ကြေငြာနေသည့် သတင်းအား မြင်ဖြစ်အောင် မြင်လိုက်မည်ဖြစ်သည်။

ကိုယ့်ဝင်ရိုး ကိုယ့်ပတ်လမ်းပေါ် လည်ပတ်နေရင်း တစ်တန်းတည်းဖြစ်အံ့ဆဲဆဲ ဂြိုဟ်အသီးသီးကိုကြည့်ကာ ​ကောင်​လေးသည် သက်ပြင်းချမိသည်။ မိမိဘေးနားတွင် အဖော်အဖြစ်ရှိနေသည့် အီဘီလေးအား ရင်ခွင်ထဲပိုက်ထားရင်း မျက်ရည်များကျနေမိသည်။ သူသာမရှိတော့ရင် အီဘီလေးကို မည်သူစောင့်ရှောက်မည်နည်း။ လူသူမရှိတော့သည် ဒီနေရာကြီးမှာ ချန်ခဲ့ရတော့မှာ။ အီဘီ ငါတကယ်ကို တောင်းပန်တယ်နော်။

အချိန်အားဖြင့် 11:45 a.m.

ကျောင်းရောက်တော့ စက်ဘီးလေးကို သူ့နေရာနှင့်သူ ရပ်လိုက်သည်။ နာရီကိုကြည့်လိုက်တော့ အတန်းစရန်လိုသေးသည်မလို့ ကျောင်းပန်းခြံထဲရှိ ခုံတန်းလေးတွင်ထိုင်ကာ စာအုပ်ဖတ်ရန်တွေးလိုက်သည်။ ခုံတန်းတွင်ထိုင်လိုက်သည့်အချိန် ကောင်းကင်အားတစ်ချက် မော့ကြည့်လိုက်မိ​သေးသည်။ ထို့နောက် နေကြတ်မည့်အကြောင်းအား တွေးမိသွားကာ ကျောင်းအနားရှိ ကဖေးလေးတွင် အေးဆေးထိုင်ကာ ကြည့်ရမည်ဟု နမ်ဂျွန်းတွေးလိုက်သည်။ စာအုပ်ဖတ်ရန် အိတ်ထဲမှထုတ်နေစဥ်မှာပင် ထွက်ပေါ်လာသည့် ခေါင်းလောင်းသံကြောင့် နမ်ဂျွန်း၏စာဖတ်မည့် အကြံသည် ပျက်သွားရသည်။ မတတ်နိုင်။ အတန်းတက်ဖို့ပဲ လုပ်ရတော့တာပေါ့။

134340:THE PLUTOWhere stories live. Discover now