》》Intro《《

516 24 0
                                    

Unicode

Serenity Jimin & Kim Namjoon

ပလူတိုဂြိုဟ်လို့ပြောလိုက်သည်နဲ့ လူအများစုသည် ခပ်သေးသေးဂြိုဟ်သိမ်ဂြိုဟ်မွှားလေးတစ်ခု နေကိုဝန်းရံထားသည့် ဂြိုဟ်၉ခုအဖြစ်မှ ပယ်ထုတ်ခံရပြီး Dwarf planetအဖြစ်သတ်မှတ်ခံထားရသည့်အဖြစ်ကို မြင်ကြလိမ့်မည် ဒါဟာတကယ်တော့ လူသားတွေရဲ့အမြင်သပ်သပ် လူသားတွေ မမြင်နိုင်သည့် တစ်ဘက်ခြမ်းမှာ ပလူတိုသည် သိပ်ကိုလှပပြီး နေချင်စဖွယ်ကောင်းလှသည့် နေရာလေးတစ်ခု ဖြစ်သည်...

》》》》》》》》》》《《《《《《《《《《

အလင်းနှစ် 1994ခုနှစ် (Pluto Years)

စကြဝဠာအတွင်း ဥက္ကာခဲ အမှုန်အမွှားများသည် ဟိုတစ်စ ဒီတစ်စ ပျံ့လွင့်လျက်။ ဂြိုဟ်အချို့သည်လည်း အစိတ်စိတ် အမွှာမွှာ ပျက်စီးလျက်။ အချို့သော ကြယ်များသည်လည်း ကြွေဆင်းလျက်ရှိနေကြသည်။ အရာအားလုံးသည် ထိန်းသိမ်းနိုင်ခြင်းမရှိပဲ စကြဝဠာကြီးတစ်ခုလုံးသည် ပျက်ကိန်းစိုက်နေသည့်နှယ်။ ဤအခြင်းအရာတွေအား တားဆီးနိုင်သည့်သူ မည်သူတစ်ဦးတစ်ယောက်မှ မရှိတော့ဘူးလား။ ထိုပျက်စီးမှုများထဲတွင် ပလူတိုသည်လည်း အပါအဝင်ပင်။

လှပခမ်းနားမှုများနှင့် ပြည့်စုံသည့် ပလူတိုသည် ယခုတွင်တော့ ခြားနားစွာပင်။ ပလူတို၏ အမှတ်အသားလို့ပြောလို့ရသည် Spireaပန်းလေးများသည်လည်း ခြွေမည့်သူမရှိသည့်တိုင် မြေကြီးထက်ကြွေကျကာ ခစားနေရရှာသည်။ အဆောက်အဦးများသည်လည်း အရာအားလုံး ပျက်စီးလျက်။ သက်ရှိတစ်ဦးတစ်ယောက်ကိုပင်ရှာလို့ မရနိုင်ပဲ တိုင်းပြည်ပျက်ကြီးတစ်ခုနှယ်။ သို့သော် ထိုအပျက်အစီးများကြားထဲရှိ ပလူတိုဂြိုဟ်ပေါ်တွင် မေ့မြောနေလျက်ရှိသော ကောင်လေးတစ်ဦးရှိလေသည်။

Serenityသည် မေ့မြောနေရာမှ လက်ချောင်းလေးများလှုပ်လာကာ အနည်းငယ်သတိပြန်လည်လာပြီး မျက်ဝန်းများကို အားယူကာဖွင့်ကြည့်မိသည်။ ထို့နောက် ဖြေးဖြေးချင်းထကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်မိသည့်အခါ Serenityသည် ကိုယ့်မျက်လုံးကိုပင် ကိုယ်မယုံကြည်ဖြစ်သွားရသည်။ စကြဝဠာအတွင်းတွင် အရာအားလုံးသည် ပျက်စီးနေပြီး လေဟာနယ်ထဲတွင် လွင့်မြောနေလျက်ရှိသည်။ ခန္ဓာကိုယ်ကအားနည်းနေသော်လည်း အားယူ၍ထကာ အနီးအနား ဂြိုဟ်များအား ကြည့်မိတော့လည်း သက်ရှိများအား လုံးဝမတွေ့ရ။

134340:THE PLUTOWhere stories live. Discover now