》》9《《

46 2 2
                                    

Unicode

The Past I

လွန်ခဲ့​သော အလင်းနှစ်သန်း​ပေါင်းများစွာခန့်

အုန်း!!!!! (​ပေါက်ကွဲသံတစ်ခု)

အရှိန်အဟုန်နှင့်ဝင်လာ​သော မီးဥက္ကာခဲများ​ကြောင့် ဂြိုဟ်​ပေါ်ရှိ အ​ဆောက်အဦးများသည် အလဲလဲ အပြိုပြိုနှင့်။ ဂြိုဟ်​ပေါ်ရှိသူများသည်လည်း ဟို​ပြေးဒီ​ပြေးနှင့်ဖြစ်ကုန်ကြသည်။

ပလူတို၏ နန်း​တော်တွင်း၌လည်း အရာအားလုံးသည် အထိန်းအကွပ်မဲ့​နေလျက်။ သည်အ​ခြေအ​နေသည် မည်သူ​ကြောင့်ဖြစ်မည်နည်း။

"အရှင် အရှင်မ ဒီကနေ အမြန်ဆုံးထွက်သွားမှ ရပါမယ်"

Charon (ရှရွန်)၏ လျှောက်ထားချက်ဖြစ်သည်။ Charonသည် ပလူတို၏ အားကိုးရသော ညာလက်ရုံးတစ်ဦးဖြစ်သည်။

"ကျွန်တော်မျိုး အားလုံး စီစဥ်ထားပြီးပြီမလို့ အမြန်ရှောင်တိမ်းနေပါတော့"

ယခုလည်း ပလူတို၏ အရှင်နှင့် အရှင်မအား လုံခြုံစိတ်ချရအောင် စီစဥ်ပေးထားခြင်းပင်။

"ဟင့်အင်း ငါတို့ပလူတိုကို ကာကွယ်ရမယ် နောက်ပြီး"

ပလူတို၏ အရှင်သည် သက်ပြင်း ငွေ့ငွေ့ချရင်း စကားအား တခဏရပ်လိုက်သည်။ ခဏကြာမှ ပြန်ဆိုလာသည်။

"Serenityကိုရောပေ့ါ"

ထိုစကားအဆုံးတွင် ထိုနေရာ၌ရှိနေသာ သူသုံးဦးစလုံးသည် မျက်နှာများ ညှိုးငယ်သွားကြသည်။ တစ်ဖက်၌လည်း ဤအခြေအနေအား ထိန်းချုပ်ရန် ကြိုးပမ်းနေသူတစ်ဦး ရှိနေသည်။

"Zon မင်းတော်တော် ယုတ်မာပါလား"

စကြဝဠာ၏ အရှင်မ ဟီလာ၏ အသံသည် လျှောက်လမ်းတစ်လျှောက် ဟိန်းကာထွက်လာသည်။ ဟီလာ၏ အမျက်ဒေါသနှင့် ပြောနေပုံကို Zonကတော့ မထီမဲ့မြင်ပုံစံဖြင့်ပင် ပလ္လင်ပေါ်ထိုင်ရင်းသာ ရယ်နေလေသည်။

"ကျွန်တော်မျိုး ဘာတွေများလုပ်မိလို့ပါလဲ အရှင်မဟီလာ"

"မင်းလုပ်ထားတာ မင်းသိမှာပေါ့"

"အခုအခြေအနေလား အခုဖြစ်နေတဲ့အခြေအနေဆိုရင် ဒါက ဘယ်သူလုပ်နေတာလဲ အားလုံးမျက်မြင်ပဲလေ"

134340:THE PLUTOWhere stories live. Discover now