》》2《《

108 16 0
                                    

Unicode

The Mystery

ပလူတိုဂြိုဟ်ရဲ့ ကိုယ်စားပြု Spireaပန်းလေးတွေကို သဘောကျတယ် ဒါပေမဲ့ မင်းကိုပိုသဘောကျတယ်။ Spireaပန်းလေးတွေက အလှဆုံးဆိုပေမယ့် မင်းလေးကို မှီနိုင်ပါဦးမလား။ ထာဝရဆိုတာ မသေချာတဲ့အချိန်ကာလတစ်ခုမလို့ ကိုယ်ရှင်သန်နေရတဲ့ သက်တမ်းတစ်လျှောက်လုံး မင်းရဲ့မျက်နှာလှလှလေးကို ငေးကြည့်ချင်နေမိတယ် ကိုယ့်ရဲ့ Serenity…

》》》》》》》》》》《《《《《《《《《《


2022ခုနှစ် (Earth Years)

Spirea သိပ်ကိုသဘောကျရတဲ့ ပန်းအမျိုးအစားလေးပေါ့ ပန်းမျိုးစိတ်တွေအများကြီးရှိတဲ့အထဲမှာမှ ကျွန်တော်သဘောအကျရဆုံးသောပန်းလေး။ အိပ်မက်ထဲမှာလည်း မကြာခဏတွေ့ရလေ့ရှိတဲ့ ပန်းလေး။ ပန်းပျိုးသူသည် မည်သူမှန်းမသိသည့်တိုင် Spireaလေးတွေကတော့ အမြဲအစွမ်းကုန် အလှပဆုံးဖူးပွင့်နေသည်။ ကျွန်တော်သည်လည်း ထပ်ပြီး ထိုပန်းခင်းထဲသို့ရောက်နေပြန်ပြီဖြစ်သည်။ ဒီနေရာကိုရောက်တိုင်း စိတ်အစုံသည် လက်တွေ့နှင့် အိပ်မက်ကို မခွဲခြားနိုင်။ အရာအားလုံးသည် အမှန်တကယ်တည်ရှိနေသလို။ ကျွန်တော် ဒီအဆုံးမရှိသည့် ပန်းခင်းကြီးထဲ လျှောက်သွားနေမိသည်။ အိပ်မက်ထဲ၌သာ ရောက်ဖူးသည့် နေရာသစ်တစ်ခုဖြစ်သော်ငြား အရာအားလုံးရင်းနီးနေသယောင်… ကြာလာတော့ ဟိုဆော့ပြောသလိုပင် ဒီနေရာနှင့်များ တကယ်ဆက်စပ်မှုတွေရှိခဲ့လားဟုပင် သံသယဝင်လာသည်။

နမ်ဂျွန်းပန်းခင်းကို ဖြတ်လျှောက်လာခဲ့ရင်း တနေ့ကအိပ်မက်ထဲ၌ သွားရောက်ခဲ့သော နန်းဆောင်ထဲသို့ဝင်သွားမိသည်။ တစ်ခါမြင်တွေ့ဖူးပြီးသား ထိုပန်းချီကားရှေ့သို့ ထပ်မံရောက်လာပြီး မျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိသည်။ ဘယ်လို အကြောင်းကိစ္စတွေများ ရှိခဲ့လို ဒီလောက်ထိပျက်စီးနေရတာလဲ။

“ပျက်စီးသွားတာ မဟုတ်ပဲ ဖျက်စီးခံလိုက်ရတာ”

နမ်ဂျွန်း၏အတွေးတွေပင် မဆုံးလိုက် ခပ်​ဆွေး​ဆွေးထွက်ပေါ်လာသည့် အသံလေးကြောင့် ထိုအသံပိုင်ရှင်လေးကို လိုက်ရှာမိသည်။ ခန်းမပတ်ပတ်လည် နေရာလွတ်မကျန် ရှာပြီးသည့်နောက်တွင် မနေ့ကတွေ့ခဲ့ရသည့် လသာဆောင်နေရာလေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ​​ပြောလိုက်တာ ဘယ်လိုသ​ဘောပါလိမ့်။ ဖျက်စီးခံလိုက်ရတာဆိုတာ.. သို့​သော် ထိုအ​တွေးအား ​ခေါက်သိမ်းကာ

134340:THE PLUTOWhere stories live. Discover now