[ CHAPTER - ONE ]

478 14 0
                                    

[ CHAPTER - ONE ]

ကိုးနာရီဝန်းကျင်လောက် မိုးတွေသည်းနေတယ်

မိုးရေနဲ့ ဓာတ်မတည့်တဲ့ကျွန်တော့အတွက် တော့ဘယ်သွားသွား မိုးကာဝတ်ပြီးသွားရတယ်လေ

အဲဒီနေ့ အမေ့ဟင်းအတွက် ဟင်းရွက်လေးခူးပေးဖို့ အိမ်ရှေ့ကိုထွက်လာခဲ့ပါတယ်

မတော်တဆ အိမ်တံခါးနှစ်ဖက်က အကျယ်ကြီးဖွင့်ထားပါရက်

လမ်းမှာ ဆိုင်ကယ် တစ်စီးဟာ မိုးသည်းသည်းထဲထီးတစ်ချောင်း လူနှစ်ယောက်နဲ့စီးလို့လာနေတယ်

ရှပ်ပြာပြာ ကျွန်တော်ကတော့ အိမ်ရှေ့ရောက်မှပဲ မိုးကာ ဇစ်ကိုတပ်လိုက်ပါတယ်

ဇစ်တပ်ပြီးတာနဲ့ သွားမယ့်လမ်းဆီဦးတည်လိုက်ပါတော့တယ်

ရှေ့မှာဖြတ်လာတဲ့ ဆိုင်ကယ်နှင့် ကိုယ့်မှာ မျက်နှာဆိုင်ဖြစ်လို့နေပါတယ်

မိုးနဲ့အတူ နှေးနှေးစီးလာတဲ့ ဆိုင်ကယ် ရဲ့အနောက်မှာထိုင်နေတဲ့ကောင်လေးဟာ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်အနေထားဖြစ်ပါတယ်

ဘာကြောင့်လဲဆိုတော့ သူကဘေးတိုက်ထိုင်လို့လာတာကြောင့်ပါ

မတော်တဆ တစ်ယောက် ကိုတစ်ယောက် အကြည့်ချင်းဆုံမိကြတယ်

ခဏတစ်ဖြုတ်ဆိုပေမယ့် အဲဒီအခိုက်အတန့်လေးဟာ ကျွန်တော့်အတွက်တော့ အဖိုးမဖြတ်နိုင်တော့ အချိန်တုလေးပေါ့

ကျွန်တော့်ရဲ့အာရုံထဲမှာ သူ့ကလွဲ ပြီးတစ်ခြားဟာမမြင်နိုင်တော့

ဘာမှန်းမသိတဲ့ ခံစားချက်တွေက ရင်ထဲ ပြည့်နှက်လို့ ပေါ့

အဲဒီအချိန်ကတည်းကစပြီး သူကျွန်တော့်ကိုစိုးမိုးလို့နေပါတယ်

ဟင်းရွက်နုတွေဆီရောက်တာနဲ့ ဟင်းရွက်တွေကိုအော်ပြောလိုက်မိတယ် သူ့ကိုရင်ခုန်မိပြီလို့

တစ်ခါတည်းတွေ့ပြီး အဲလောက်ထိချစ်မိသွားမယ်လို့ဘယ်သူထင်မလဲဗျာ

အရင်က ခရက်ချ် နေကြ သူတွေနဲ့လည်း ဒီလိုပုံစံ ဆိုပေမယ့် အခုတစ်ခါ တစ်ကယ့် ဇာတ်ဝင်ခန်းလေးလိုဖြစ်နေလေတယ်

တိတ်တဆိတ်ရင်ခုန်ခြင်း (Complete)Where stories live. Discover now