[CHAPTER - FOUR]
တစ်နေ့ တစ်နေ့ သူ့ acc ထဲကိုဝင်လိုက်ထွက်လိုက်အဆင်ပြေနေရောပဲ
သူ့သူငယ်ချင်းတွေကိုလိုက်စုံစမ်းလိုက် သူ့မိန်းကလေးသူငယ်ချင်းတွေကို သဝန်တိုလိုက်ပေါ့
ကျွန်တော့်ရဲ့ Fake acc နဲ့ fri ဖြစ်ပြီး နောက်မှာ profile photo တစ်ပုံပြီးတစ်ပုံချိန်းတယ်
သူ့ရဲ့ ပုံလေးတွေ save ပြီး gallery ထဲသိမ်းထားလိုက်တယ်
သူ့ရဲ့ပုံလေးတွေကိုကြည့်ရင်းနဲ့ တစ်နေ့တစ်နေ့ အမောတွေပြေလို့
ကျွန်တော့်အတွက်တော့ သူ့ရဲ့ပုံရိပ်လေးတွေပဲ ပိုင်ဆိုင်ရ ပိုင်ဆိုင်ရ ကျွန်တော့်အတွက် လုံလောက်ပါပြီ
ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ သူပြန်ချစ်ဖို့မမျှော်လင့်ဘူး
ကိုယ့်ဘက်က ချစ်နေရရင်ပြီးပြီလို့ခံယူထားတယ်
ဒီလိုနဲ့ နေ့တိုင်း သူ့ပုံတွေပဲထိုင်ကြည့် သူ့ဆီပဲစိတ်တွေရောက်နေတော့ အဆင်မပြေလှဘူး
အချစ်မှာနစ်မွန်းကြပ်နေရတာ ပင်ပန်းလှတယ်
သူ့ကိုအရမ်းတွေ့ချင်နေတယ်
သူ့မျက်နှာလေးကိုအရမ်းမြင်ချင်နေတဲ့ သူ့ဆီကိုဦးတည်နေတဲ့ကျွန်တော့်ရဲ့စိတ်တွေက ဦးဆောင်နေတော့
အားတဲ့အချိန်လေးမှာ ဆိုင်ကယ်ယူပြီးသူတို့ရွာနားလျှောက်သွားဖြစ်တယ်
တွေ့ရလိုငြားပေါ့ ဒါပေမယ့်အချည်းအနှီးပါပဲ
ကျွန်တော်သွားတဲ့အခေါက်တိုင်းသူ့ကိုမမြင်ရပါဘူး
သူ့ကိုချစ်နေရတာလည်း တော်တော်လေးပင်ပန်းလွန်းလှပါပြီ
ကျွန်တော် သူ့ကိုစိတ်ဖြတ်ဖို့ဆုံးဖြတ်လိုက်တယ်
သူ့ရဲ့ ပုံတွေကိုဖျက်ပစ် သူ့ရဲ့ fb acc ကိုလည်း unfollow ပစ်ထားလိုက်တယ်
ကျွန်တော့် acc မှာ ပုံတွေပဲ my day တင်တယ်
သူ့ကိုမေ့ပစ်ဖို့ကြိုးစားလိုက်ပါတယ်
သို့ပေမယ့် ကံတရားက ကျွန်တော့ကို နှိပ်စက်ပြန်တယ်
ညဘက် လေ လွင့်နေတဲ့အချိန်ကြီးမှာဗျာ
YOU ARE READING
တိတ်တဆိတ်ရင်ခုန်ခြင်း (Complete)
Fantasystraight တစ်ယောက်ကိုတမ်းတမ်းစွဲချစ်မိတဲ့အခါ