[ CHAPTER - THREE ]

148 9 0
                                    

[ CHAPTER - THREE ]

ကျွန်တော်သူ့ အကောင့်ကို ရှာဖွေရတော့်တယ်

ဖြိုးပြည့်ဝင်း ရဲ့ fb acc ထဲမှာဆို သူ့ ကောမန့်ဖြစ်ဖြစ် react ဖြစ်ဖြစ် တွေ့နိုင်မှာသေချာတယ်

ကျွန်တော် ကောင်းကောင်း ရဲ့ အကောင့်ကိုသွားကြည့်လိုက်တယ်

ဒါပေမယ့် ပရိုဖိုင် ကလော့ချထားတော့ ကျွန်တော့်အတွက် မျှော်လင့်ချက်မဲ့ရပြန်တယ်

အမြဲတမ်း သူတို့က တစ်တွဲတွဲ တစ်ယောက်အိမ်ကိုတစ်ယောက်အမြဲလာနေကြ

အတူတူနေနေကြတဲ့အထိဆိုတော့ သူ့ကိုစိတ်ပူမိနေတယ်

သူတို့က လင်မယားတွေများလားပေါ့

စိတ်ထဲထင့်နေခဲ့တယ်

ဒါပေမယ့် သူတို့က အမျိုးတွေဘာတွေတော်တော်ချင်တော်နေမှာပါ

မဟုတ်ရင်တောင်မှ သူငယ်ချင်းအဆင့်လောက်ပေါ့

ဖြောင့်လွန်းတဲ့ ကျွန်တော့် crush ကြီးကတော့ ဒီလိုမျိုး မဟုတ်တာသေချာပါတယ်

ကောင်းကောင်းရဲ့ အကောင့်ကိုကျွန်တော် add လိုက်မိတယ်

ဒါပေမယ့် အရမ်းသိသာလွန်းနေမှာစိုးလို့ ကျွန်တော် remove ပြန်လုပ်လိုက်တယ်

အရိပ်အမြွက်လေးတစ်ခု​တောင်မထားချင်ဘူးလေ

ကျွန်တော်ကြိုက်မိနေတယ်ဆိုတာ သူတို့လုံးဝသိလို့မရဘူး

ဘာပဲဖြစ်ဖြစ် သူ့ အကောင့်ရှာမရတာမို့ ကျွန်တော် လက်လျှော့လိုက်ပါတော့တယ်

နောက်တစ်နေ့ ခေါင်းတွေအရမ်းမူးနေပြီ

ဆရာမခေါ်ပြီးစစ်ရတဲ့အထိ

အကြောင်း ရင်းက သွေးတက်နေလို့ပါတဲ့လေ

ကြောဆေး တစ်လုံးထိုးခံရပြီး အိပ်ယာထဲလှဲနေခဲ့ရတယ်

အိပ်ယာထဲဖုန်းကြည့်နေရင်း ရွာထဲက ကောင်လေးတစ်ယောက်ကျွန်တော့်ကိုလာ add တယ်

အာကာမျိုး တဲ့

သူက ကျွန်တော့်အတွက်လမ်းပြတဲ့ကြယ်တစ်လုံးဖြစ်ခဲ့တယ်

သူ့ရဲ့ acc က ဖွင့်ထားတာမကြာသေးဘူး

သူ့ရဲ့ ပရိုဖိုင်ပုံကလည်း react ပေးတဲ့သူက နည်းနည်းလေးရယ်

တိတ်တဆိတ်ရင်ခုန်ခြင်း (Complete)Where stories live. Discover now