[ CHAPTER - SIX ] END

129 6 0
                                    

[ CHAPTER - SIX ]

" တစ်ခါတစ်လေ ဆန္ဒပြချင်နေတဲ့ပြည်သူတစ်ယောက်လိုခံစားရတယ်....

ထုတ်ဖော်ခွင့်မရတဲ့အချိန်ကြတော့လည်း လာရာလမ်းအတိုင်းပြန်သွားရတယ်....

သူက သိတောင်မသိပါဘူး.... "

ရေချိုးခန်းငယ်ထဲ အလွမ်းသီချင်းများသာ ကျွန်တော့်အတွက်အဖော်ဖြစ်နေတယ်

ထုတ်ဖော်ပြသချင်တဲ့ အချစ်တွေ ပြသခွင့်မရတဲ့အခါမှာ အရမ်းနာကျင်ရတယ်

ကိုယ့်မှာသူ့ကိုငေးကြည့်ရုံလေးပဲ တတ်နိုင်ခဲ့တယ်လေ

မိန်းကလေးတစ်ယောက်အဖြစ်မမွေးဖွားလာပဲ ယောကျာ်းလေးတစ်ယောက်အဖြစ်မွေးလာပေမယ့် ယောကျာ်းလေးတွေကိုသဘောကျမိတဲ့ ကိုယ့်ကိုကိုယ် လည်းအပြစ်မတင်ချင်တော့ပါဘူး

ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို လူပုံလည်မှာထုတ်မပြရဲတာကိုလည်း ကိုယ့်ကို အရမ်းပင်ပန်းစေပါတယ်

သို့ပေမယ့် တစ်ခါတစ်လေ ကိုယ့်နားလည်နေတဲ့သူတွေ ရှိနေတတ်တယ်

" နင့်မှာအခုတွဲနေတဲ့ကောင်မလေးရှိလား "

" မရှိသေးဘူး "

" နင့်ကိုကြိုက်နေတဲ့ကောင်မလေးရော ရှိလား "

" မရှိဘူး "

" နင်က ကောင်လေးတွေကိုသဘောကျတာမလား, မလိမ်နဲ့ "

အစ်မ ရဲ့မေးခွန်းကို ကျွန်တော်ပြန်ဖြေ ဖို့အားမရှိ ခပ်ပြုံးပြုံးပဲနေလိုက်တယ်

" ဘယ်သူ့ကိုမှ သဘောမကျပါဘူး "

" မောင်လေး, ငါ့မှာ ဒီမောင်တစ်ယောက်တည်းရှိတာ ယောကျာ်းလေးချင်းကြိုက်တဲ့ အခြောက်လိုတော့ မဖြစ်စေချင်ဘူး "

" တကယ်ပဲငါက အခြောက်တွေကိုမုန်းလို့ပြောတာမဟုတ်ဘူးနော် ငါတော့နင့်ကိုအဲလိုမဖြစ်စေချင်ဘူး "

အသက်အရွယ် ရလာတဲ့အထိ နုံချာတဲ့မိသားစုကြီးကိုဘာမှ အထောက်အကူမပြုနိုင်သေးတဲ့ကျွန်တော် မိသားစုအတွက် အကောင်းဆုံးလူသားတစ်ယောက် ဖြစ်ချင်ခဲ့တယ်

တကယ်လို့များ ကျွန်တော်က ဂေးဖြစ်တယ်ဆိုတာ မိသားစုက သိလာတဲ့တစ်နေ့ကျ ကျွန်တော့်ကိုလက်ခံပေးကြမှာလား

တိတ်တဆိတ်ရင်ခုန်ခြင်း (Complete)Where stories live. Discover now