[ CHAPTER - TWO ]

172 9 0
                                    

[ CHAPTER - TWO ]

အိမ်နီးချင်းရဲ့လက်ထပ်ပွဲနေ့လေးကို ရောက်လို့လာပါပြီ

အစောကြီးထပြင်ဆင်ရင်း သကြာလုံး ကမ်းတဲ့သူလုပ်နေရပါတယ်

သုံး လေးနာရီ ကြာတဲ့အထိ နေရတာ ကိုယ့်ကိုကိုယ် စိတ်တွေကြင်းကြပ်လာတယ်

ခြေထောက်တွေရပ်လို့မတည်နိုင်အောင်ပါပဲ

သကြားလုံးထုပ်ကို တစ်ခြားသူအပ်ခဲ့ရင်း မဂ်လာပွဲဆီကထွက်လာခဲ့တယ်

မဂ်လာပွဲရဲ့ အိမ်းနားကတစ်နေရာမှာ နေရင်း ပွဲသဘင်ကိုကြည့်ရှုခံစားနေပါတယ်

အဲဒီမှာပဲ ဆိုင်ကယ် တစ်စီး အိမ်နားကိုထိုးရပ်လာတယ်

ကောင်းကောင်း နဲ့ သူ့ရဲ့ဆိုင်ကယ်ပါပဲ

လာကတည်းက စကားတစ်ပွပွနဲ့ သူ့ခမျာ

ကျွန်တော်သူ့ကိုအရိပ်အခြေကြည့်နေခဲ့တယ်

မသိမသာလေးပေါ့

" ဓာတ်ပုံရိုက်မယ် " သူ့ဖုန်းကိုထုတ်လိုက်ပြီး ကောင်းကောင်းကိုရိုက်ပေးနေတော့တယ်

" ဖတော့ တော့ ယီး " ဆိုပြီးကောင်းကောင်းကစကားပြန်ပါတယ်

ဒီစကားကို ကြည့်မယ်ဆို သူ့ရဲ့ သူငယ်ချင်းတွေကြားခေါ်တဲ့နာမည်က " ဖတော့ " ဖြစ်မှာပေါ့

တကယ် အပေါစားဆန်တာပါ

တည်တည်ငြိမ်ငြိမ်လို့ရယ်မရှိဘူး ဒီလိုလူကိုဘာလို့သဘောကျမိပါလိမ့်ဆိုပြီးတောင်ထင်ခဲ့မိပါတယ်

ကျွန်တော်လည်း သူ့ဆီကိုလှမ်းကြည့်လိုက်တော့ ရယ်နေတဲ့ မျက်နှာလေးကို ကျွန်တော့်ဘက်ကို ပြန်ကြည့်လာတယ်

သူ့ရဲ့ အစွယ်လေးတွေက အထင်းသား ပေါ်ထွက်နေတယ်

သူ့ရဲ့ဆွဲဆောင်မှုတွေထဲကတစ်ခုပေါ့

မဂ်လာပွဲ မှာ အစုတ်အပြတ် အဝတ်အစားတွေနဲ့လာရဲတာကိုပဲ အံ့သြစရာကောင်းလှပါပြီ

ပြီးတော့ သူ့ရဲ့ ဇာတိရွာလည်းမဟုတ်ဘူးလေ

ခဏပဲကြပါတယ် ကောင်းကောင်း နဲ့ သူ ပြန်သွားကြပါတော့တယ်

တိတ်တဆိတ်ရင်ခုန်ခြင်း (Complete)Where stories live. Discover now