[ CHAPTER - FIVE ]

134 7 0
                                    

[ CHAPTER - FIVE ]

ကိုယ့်ရဲ့ crush က ကိုယ့်ကိုပြန် crush နေတာ ရုပ်ရှင်တွေထဲမှာပဲရှိတာ

တကယ်တမ်းလက်တွေ့မှာတော့ ကိုယ့်ကိုပြန် crush ဖို့နေနေသာသာ ကိုယ့်ကိုတစ်ခါလောက်တောင်မှ စိတ်မဝင်စားပါဘူး

ကိုယ့်ကို လုံးဝပြန်မချစ်နိုင်တဲ့သူကိုမှ တမ်းတမ်းစွဲချစ်မိနေတာ ဝဍ်ကြွေးတစ်မျိုးပါပဲလေ

တစ်ခါတစ်လေ မိန်းကလေးတစ်ယောက်ဖြစ်ချင်မိတယ်

သူပြန်ပြီးစိတ်ဝင်စားနိုင်လောက်တယ်လေ

အဲဒီခံစားချက်က အရမ်းနာကျင်ရတယ် ယောကျ်ားလေးတစ်ယောက်ဖြစ်ပြီး ယောကျ်ားလေးတစ်ယောက်ကိုပဲမဝံ့မရဲချစ်နေမိတာ

ဘယ်လောက်ပဲပင်ပန်းပါစေ ဘယ်လောက်ပဲနာကျင်ရပါစေ

သူ့ကိုဆက်ချစ်ဖို့ကျွန်တော်ဆုံးဖြတ်ထားတယ်

သူ့အကြောင်းတွေကို ဒီထက်ပိုသိအောင်လုပ်ရဦးမယ်လေ

၂၄ နာရီမှာ ၁၂ နာရီနှင့်အထက်အားနေတဲ့ ကျွန်တော်က ၁၀ နာရီစာလောက်က သူ့ဆီစိတ်တွေလွင့်နေတဲ့အချိန်တွေပါပဲ

သူစိုးမိုးထားတဲ့ကျွန်တော့်စိတ်တွေဟာ သူ့ဆီကိုပဲဦးတည်လို့နေပါတယ်

ဘာပဲဖြစ်ဖြစ်သူနဲ့တွေ့ရဖို့ပဲမျှော်လင့်နေတယ်

သူ့ကိုတွေ့ရဖို့ နောက်တစ်နည်းဖြင့်​ကြိုးစားရပြန်ပါတယ်

ညနေပိုင်းဆို ကျွန်တော်အားတယ်

အိမ်နားက ကလေးလေးတစ်ယောက်ကိုခေါ်ပြီး လျောက်ပတ်သွားလိမ့်ရှိပါတယ်

ကျွန်တော့်ရဲ့စိတ်ကူးထဲမှာတော့သူရှိတဲ့သူ့ရဲ့ရွာလေးကို ကျွန်တော် သွားဖို့စိတ်ကူးမိတယ်

သူတို့ရွာနဲ့ ကျွန်တော်တို့ရွာက နီးနီးလေးရယ်

နေ့တိုင်း သူတို့ရွာဆီ သွားပေမယ့် သူ့ကိုမတွေ့ရပါဘူး

စက်ဘီးစီးကစားတယ် လို့အကြောင်းပြချက်ပေးပြီး သူနေထိုင်ရာအရပ်ကိုသိရအောင်လုပ်ပေမယ့်လည်း သူ့ကိုမတွေ့ပြန်

ကျွန်တော့်အတွက်အရာအားလုံးက ခက်ခဲနေပါပေါ့လား

သို့ပေမယ့် တစ်နေ့မှာ ကျွန်တော် သူတို့ရွာဘက်ဆီသွားဖြစ်တယ်

တိတ်တဆိတ်ရင်ခုန်ခြင်း (Complete)Where stories live. Discover now