[ Special Chapter ]

145 6 0
                                    

[ Special Chapter ]

ကျွန်တော်နဲ့ ကျွန်တော့်ညီလေးဟာ ဆုံးဖြစ်ရင် ရွာထဲက ကလေးတွေအကြောင်းပြောဖြစ်ကြပါတယ်

" အခုတက်နေတဲ့ကလေးတွေတကယ်မလွယ်ဘူး "

" ဟုတ်တယ် အကို "

တကယ်တမ်းကမသိစိတ်ထဲမှာ အငယ်လေးတွေပဲစိတ်ဝင်စားနေခဲ့တာ

သူသိသလောက် crush အကြောင်း တွေနှိုက်မြည်းရဦးမယ်

" ကောင်းကောင်းတို့အလှူတုန်းက ဟိုဘက်ရွာက ကောင်လေးတွေလာကြတယ်နော် သူတို့ဘယ်လိုခင်ကြတာလဲမသိဘူး "

" အင်း အွန်လိုင်းနဲ့ သူငယ်ချင်းဖြစ်ကြတယ် ထင်တာပါပဲ....အဲထဲ နှင်းပြည့်ဝေရဲ့ကောင်လေးပါတယ်လေ "

နှင်းပြည့်ဝေရဲ့ကောင်လေး လို့ပြောလိုက်တော့ အလှူနေ့က လာတဲ့ သုံးယောက်ထဲ တစ်ယောက်လို့ထင်လိုက်မိတယ်

သူ့ကိုလုံးဝမတွေးမိခဲ့ပါဘူး

" ဟုတ်လား "

" အင်း နှင်းပြည့်ဝေ ဆိုတဲ့ကောင်မလေးက တစ်ကယ်ကိုမလွယ်တာ ဘဲနဲ့ဓာတ်ပုံရိုက်နေကြတယ် "

" သူ့ဘဲက မျက်လုံးပြူးပြူး အသားဖြူဖြူ လယ်ခွဲနဲ့လား "

" ဟုတ်တယ် "

" ဆံပင်က အလယ်ခွဲထားသေးလား "

" မခွဲဘူး ကျွန်တော့်ဆံပင်ပုံစံလိုပဲ "

အဲလိုဖြေတော့ ကျွန်တော်က သူ့သူငယ်ချင်းတွေ ထဲကတစ်ယောက်လို့ထင်ခဲ့မိတယ်

ညရောက်တော့ အမြဲတမ်း Good Night ပြောနေကြသူ့အကောင့်လေးဆီအပြေးလေးသွားခဲ့ပါတယ်

သို့ပေမယ့် သူ့မှာက ပိုင်ရှင်ရှိနှင့်ပြီးသားဖြစ်နေပါတယ်

သူ့ Fb Acc ရဲ့ Bio မှာ " Hnin kaung ly pr (နှင်းရဲ့ကောင်လေးပါ) "  လို့ရေး ထားပါတယ်

သူ့ရဲ့ Hightlight ဆီသွားကြည့်လိုက်တော့ နှင်းပြည့်ဝေရဲ့ ဓာတ်ပုံတွေတင်ထားတာမြင်လိုက်ရပါတော့တယ်

နှင်းပြည့်ဝေ ရဲ့အကောင့်ဆီ တစ်ဖန်ပြေးကြည့်ရပြန်တယ်

" သဝန်တိုနေတာလေးက ချစ်ဖို့ကောင်းနေယို့ပါ " ဆိုတဲ့ သူတို့ရဲ့ Conversation လေးကို ဖြတ်ပြီး My Day တင်ထားတာတွေ့ရပါတယ်

သူ့ပုံလေးတွေပါ တစ်ပုံပြီးတစ်ပုံတင်ပြီး Hightlight ထားထားပါတယ်

သူ့ acc bio မှာလည်း " Naing kg ma ly pr (နိုင်ရဲ့ကောင်မလေးပါ).လို့ရေးထားပါတယ်

လုံးဝသေချာသွားခဲ့ပါပြီ တကယ်တော့ နှင်းပြည့်ဝေနဲ့ နိုင်ဇံတို့က တွဲနေကြတယ်ဆိုတာပါပဲ

အရင်ကလုံးဝ ဒီလိုမတွေးခဲ့မိတာ ကိုယ်ကိုကိုယ်အရမ်းတုံးတာပဲလို့တွေးမိတယ်

တကယ်တော့ သူကျွန်တော်တို့ရွာကိုလာနေတယ်ဆိုတာ သူနဲ့နီးချင်လို့ပဲ

ကောင်းကောင်းနဲ့ အရမ်းခင်လို့ လာနေတယ်လို့ထင်ခဲ့မိတာ

သူတို့နှစ်ယောက် သဝန်တို ပုံတွေတင်ရတဲ့အကြောင်းရင်းကလည်း ကျွန်တော်ပဲထင်ပါတယ်

ကျွန်တော့်ရဲ့ Fake acc ကို သူ့ကောင်မလေးက သဝန်တိုလို့ Official တွဲလိုက်ကြတာပေါ့

အရင်က သူတို့ တည်နေရာ အတူတူ ပုံတင်ဖူးပေမယ့် သွေးရိုးသားရိုး လို့ထင်ခဲ့မိတယ်

ကံတရားက ကျွန်တော့်ကိုလှည့်စားလိုက်ပုံများ ကျွန်တော့်မှာဖြင့် တစ်ဖက်သတ်ရင်တွေခုန်လို့ပေါ့

တကယ်တမ်း သူ ကျွန်တော်တို့ရွာဘက်ကို အမြဲတမ်းမလာခင်ကတည်းက သူတို့ တွဲနေကြတာပါ

အဲဒီနေ့ကစပြီး သိမ်းဆည်းထားတဲ့ သူ့ရဲ့ပုံတွေကိုအကုန်ဖျက်ဆီးလိုက်ပါတယ်

သူနဲ့ပက်သက်တဲ့ မတော်တဆ အထိအတွေ့လေးတွေကိုလည်း လေထဲလွင့်သွားခဲ့ရပါပြီ

ညစဥ် သူ့ဆီ good night ပို့တဲ့ fake acc လေးကိုလည်း removed လုပ်ထားလိုက်ပါတော့တယ်

သူဟာကျွန်တော်နဲ့မသက်ဆိုင်တဲ့လူတစ်ယောက်ပဲမို့ မသက်ဆိုင်တဲ့နေရာလေးမှာပဲရှိနေဆဲပါ

ပုံပြင်လေးကတော့ မစရ​သေးခင်မှာပဲပြီးဆုံးသွားခဲ့ရပါပြီ

သူဆီတမ်းတ စိတ်ကလေးတွေကလည်း အလိုက်တသိ တစ်ဖြည်းဖြည်း ဆုတ်ခွားသွားကြလေတော့သည်

~ Writing with true feeling ~

🎉 You've finished reading တိတ်တဆိတ်ရင်ခုန်ခြင်း (Complete) 🎉
တိတ်တဆိတ်ရင်ခုန်ခြင်း (Complete)Where stories live. Discover now