💜

481 39 0
                                    

Otp name-[XingHo]

Author name-[929Emily]

💜Perhaps Love💜

Knock Knock**

ညင်သာတဲ့ အခန်းတံခါးခေါက်သံက အဆောင်ခန်းတွေရဲ့ လျှောက်လမ်းတစ်လျောက် ​ပျံ့လွင့်

လို့လာတယ်။အခန်းထဲရှိနေသူက လျင်မြန်စွာပဲ တံခါးလာဖွင့်ပေးခဲ့ပြီး ထိုသူ့မျက်ဝန်းထဲက အချိန်ကြာစောင့်မျှော်နေခဲ့ရဟန်တို့က လျှပ်တစ်ပြက်ဖြတ်ပြေးလို့သွားတယ်။နွေဦးလေပြေက တံခါးအပြင်ဖက်က လူငယ်လေးရဲ့ နူးနူးညံ့ညံ့ဆံနွယ်လေးများကို ပွတ်သပ်ဆော့ကစားသွား

သည်။

"မဂ်လာပါ ငါက ဂင်ဂျွန်မြောင်ပါ ဒီစာသင်နှစ်မှ အသစ်ပြောင်းလာတဲ့ မင်းရဲ့အခန်းဖော်ပါ ရှေ့လျှောက်အားကိုးပါရစေ...."

မျက်လုံးလေးတွေ မှေးမှိန်သွားအောင်ပြုံးပြီး နှုတ်ဆက်လာတဲ့ ဂျွန်မြောင်က နေရောင်အောက်မှာ တောက်ပလို့နေတယ်။အဖြူရောင် တီရှပ်နဲ့အပြာရင့်ရင့်ဂျင်းဘောင်းဘီ တို့က ပိန်ပါးသေးကွေးတဲ့ ကောင်လေးကို သိမ်းကျုံးပွေ့ဖတ်ချင်လောက်သည်အထိ ဆွဲဆောင်နိုင်သည်။

"ကိုယ့်နာမည်က ရီရှင်း၊ကျန်းရီရှင်း...လာပါ အထဲဝင်ပြီးမှ ဆက်ပြောကြမယ်၊မင်းအထုတ်

တွေ ကိုယ်သယ်ပေးမယ်..."

ဖော်ရွေတဲ့ တစ်ဖက်လူ ကျန်းရီရှင်းကလည်း သူ့ပါးချိုင့်တွေပေါ်အောင် ပြုံးပြီး၊ ဂျွန်မြောင် လက်ထဲက အထုတ်များကို သယ်ယူပေးသည်။အဆောင်ခန်းထဲမှာ နှစ်ယောက်အိပ် ကုတင် ၂ခုရှိနေသည်။

"အခြားနှစ်ယောက်က အပြင်သွားနေကြတာ ညမှပြန်ရောက်ကြလိမ့်မယ်..မျက်မှန်နဲ့တစ်ယောက်က ဂင်ဆောင်းယွန်း၊ဂတုံးဆံပင်နဲ့က လီဂျီဟျွန်း.."

ဂျွန်မြောင် ပစ္စည်းတွေကို အလိုက်သိစွာဝိုင်းစီ​ပေးရင်းနဲ့ပဲ ကျန်းရီရှင်းက အခြားနှစ်ယောက်ကိုပါ မိတ်ဆက်ပေးသည်။

"မင်းက ကိုရီးယားစပ်တာလား..."

ဂျွန်မြောင် အမေးသံအဆုံးမှာ ကျန်းရီရှင်းရဲ့ ခပ်သော့သော့ရယ်သံက ပျံ့လွင့်လို့လာသည်။

Perhaps - love (XingHo)[completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ