Otp name-[XingHo]
Author name-[929Emily]
💜Perhaps Love💜
Final
လေအဝေ့မှာ သင်းပျံ့သည့် ပန်းရနံ့တို့က လှိုင်တက်လို့လာသည်။အပေါ်ထပ်ပြတင်းပေါက်က မသိမသာချောင်းကြည့်နေတဲ့ မျက်လုံးလေးတစ်စုံက စူးရှလို့နေသည်။
ဂျွန်မြောင်က သူ့အခန်းပြတင်းပေါက်ကနေ ခြံထဲမှာ လမ်းလျှောက်နေကြသည့် လူနှစ်ဦးကို ချောင်းလို့နေခဲ့သည်မှာ ထိုလူနှစ်ယောက် စကားစပြောကတည်းကပင်ဖြစ်သည်။
ဘာအကြောင်းတွေများပြောနေကြလို့ ဒီလောက်တောင် ကြာနေရတာလဲ၊ဘာတွေများရယ်စရာ ပါလို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်နေနိုင်ကြရတာလည်း။
ဂျွန်မြောင်က သက်ပြင်းချကာ ရစ်ဝဲလာသည့်မျက်ရည်စများကို လက်မလေးဖြင့်ဆွဲသုတ်လိုက်သည်။
သူ့ကိုချစ်ပါသည်ဆိုပြီး ကျန်းရီရှင်းက အတိတ်မေ့သွားပြီးချိန်မှာ ဘယ်ကရောက်လာပြီး၊ဘယ်သူမှန်းမသိသည့် ထိုအမျိုးသမီးနဲ့သာ နှစ်ယောက်ထဲ အတူတူရှိနေခဲ့ပြီး၊အချိန်တိုင်းပျော်ရွှင်နေကြသည်။ဂျွန်မြောင်က ရယ်မောနေသည့် ထိုနှစ်ယောက်ရဲ့ စကားဝိုင်းအနီးကိုရောက်သွားခဲ့ရင် ချက်ခြင်းအရယ်တိတ်သွားခဲ့ပြီး၊စကားသံများလည်း တိုးသွားခဲ့သည်။
ဂျွန်မြောင် ဘယ်လိုမှသည်းမခံနိုင်တော့ပါ။ကျန်းရီရှင်းသည် ဂင်ဂျွန်မြောင်၏အပိုင်သာဖြစ်သည်။
ဟွန့်~~
ဂျွန်မြောင်က အပေါ်ထပ်ကနေ ထိုလူနှစ်ယောက်ကို မျက်စောင်းထိုးပြီးခေါင်းလှည့်လိုက်ချိန်မှာပဲ
ခပ်လှမ်းလှမ်းမှာ ရေပိုက်ကိုင်ပြီး ပန်းပင်ရေလောင်းနေသည့် ခြံစောင့်ဦးလေးကြီးကို မြင်လိုက်ရသည်။ဂျွန်မြောင်က အပြုံးကြီးကြီးတစ်ချက်ပြုံးကာ ခြံထဲသို့ ပြေးဆင်းသွားတော့သည်။
"သခင်လေး...မလုပ်ပါနဲ့ ပေကုန်ပါ့မယ်၊သခင်လေး ရေစိုပြီးဖျားရင် ဒီလူအိုကြီးကို သခင်ကြီးက အလုပ်ဖြုတ်နေပါအုန်းဗျာ..."
လက်ထဲက ရေပိုက်ကို တောင်းနေသည့် ဂျွန်မြောင်ကို ခြံစောင့်ဦးလေးကြီးက စတင်တားမြစ်တော့သည်။ဂျွန်မြောင်က တစ်ချက်မဲ့လိုက်သည်။ကျန်းရီရှင်းက အခုဆို သူဖျားလည်း ဂရုမစိုက်ပါဘူး။
