Otp name-[XingHo]
Author name-[929Emily]
💜Perhaps Love💜
part-4
တောက်ပတဲ့မနက်ခင်းနေရောင်ခြည်က အိပ်ယာထပ်မှာ ပူးကပ်အိပ်နေကြတဲ့ လူနှစ်ဦးပေါ်ကို ဖြာကျလာသည်။အနည်းငယ်ပိုပြီး လူကောင်ကြီးသည့် အမျိုးသားရဲ့ ရင်ခွင်ထဲမှ အညိုရောင်ဆံပင်ရှိတဲ့ ခေါင်းလုံးလုံးနဲ့ကောင်လေးက ခပ်တိုးတိုး အီကာ လှုပ်ရွလို့လာသည်။ထိုကောင်လေးကြောင့် ရင်ခွင်ထဲထည့်ဖတ်ထားတဲ့ အမျိုးသားက မျက်လုံးများ ပွင့်လာသည်။
ကျန်းရီရှင်းက သူ့မျက်လုံးလေးကို ဖွင့်လိုက်ချိန်မှာ ရင်ခွင်ထဲရောက်နေတဲ့ အကောင်သေးသေးလေးကို မယုံကြည်နိုင်သလို ကြည့်နေခဲ့ပြီး၊အလန့်တကြားနဲ့ ထထိုင်လိုက်မိတယ်။ဟိုးအရင်လို အပြင်အဆင်တွေပြောင်းသွားတဲ့ အကောင်သေးသေးလေးက....သူအိပ်မက်မက်နေခဲ့သေးတာလား။ကျန်းရီရှင်းက သူ့အသားကို ခပ်နာနာလေး ဆွဲစိတ်လိုက်သည်။
'အား..'
အိမ်မက် မဟုတ်ခဲ့ပါ။သူ့ရဲ့ အော်သံကြောင့် တစ်ဖက်က နိုးလာတော့မည့် အရိပ်အယောင်ပေါ်လာတာကြောင့် ဘာလုပ်ရမလဲ မသိတဲ့ သူက ပြာယာခက်နေတော့သည်။ညက သူအရက်တွေ အရမ်းမူးပြီး အခန်းမှား ဝင်လာတာ ဖြစ်လိမ့်မည်။ဒီအကောင်သေးသေးလေး နိုးလာခဲ့ရင် သူ့ကို ဒေါသတွေ ထွက်နေတော့မည်။
"အင့်...ရီရှင်း...နိုးပြီလား..."
အိပ်ယာနိုးခါစ ဒီပုံလေးကို မတွေ့ရတာ သူဘယ်လောက်ကြာပြီလဲ။အပျင်းထူနေတဲ့ ကြောင်ပေါက်လေးလိုပဲ သိပ်ကို ချစ်စရာကောင်းသည်။ပါးစပ်သေးသေးဟပြီး သမ်းဝေကာ၊ဝေ့သီလာသည့် မျက်ရည်ဥလေးများကို ဖြူဖြူသေးသေး လက်ချောင်းကလေးများဖြင့် ပွတ်ဆွဲနေပြန်သည်။
"ရီရှင်းလို့...."
ဂျွန်မြောင်က အရင်လို စိတ်မရှည်ရင် စွဲငင်ကာ ခေါ်တက်သည့် အကျင့်လေးက ပြန်ပေါ်လာသည်။အငေးလွန်နေသည့် ရီရှင်းက ဂျွန်မြောင်ရဲ့ အသံကြောင့် အာရုံပြန်ကပ်ပြီး၊ အိပ်ယာပေါ်က ပြေးဆင်းရန်ပြင်သည်။သို့သော်လည်း သူ့ခါးက အကျီစကို လှမ်းဆွဲလာသည့် ဂျွန်မြောင်ကြောင့် ရီရှင်းက အိပ်ယာပေါ်မှဆင်းဖို့ပြင်နေသည်ကို ရပ်လိုက်သည်။
