Otp name-[XingHo]
Author name-[929Emily]
💜Perhaps Love💜
part - 5
ဂျွန်မြောင်က သူ့ရှေ့မှာ ငြိမ်ငြိမ်လေး coffee ထိုင်သောက်နေတဲ့ ဆောင်းယွန်းအား ကြည့်နေမိသည်။ပုခုံးလောက်ရှိသည့် ဆံပင်ရှည်တို့အား စုစည်းထားသည့် ဆောင်းယွန်းက အရင်လို တည်ငြိမ်ရင့်ကျက်သည့် ခံစားချက်အား ပေးစွမ်းတုန်းဖြစ်သည်။
"ဒီကြားထဲ အဆင်ပြေရဲ့လား....ပုံစံတွေပြန်ပြောင်းသွားတယ်..."
ဆောင်းယွန်းက သူ့ရဲ့မျက်မှန်ငွေရောင်ကိုင်းကို လက်ညိုးနဲ့အသာမပြီး ၊ ဂျွန်မြောင်ကို မော့ကြည့်လာသည်။
"ငါအဆင်ပြေပါတယ်၊မင်းရော..."
"အင်း...ကောင်းပါတယ်..."
အမေးနဲ့အဖြေသာရှိသည့် အေးစက်စက်အခြေအနေကြောင့် ဂျွန်မြောင် ခေါင်းငုံ့ချလိုက်မိသည်။အရင်ကဆို သူ့ကို သားလေးတစ်ယောက်လို ဂရုစိုက်တက်သည့် ဆောင်းယွန်းက ယခုလို အေးစက်သွားတာက သူ့အတွက်တော့ ရုတ်တရက်လို ဖြစ်နေတာကြောင့် အသားမကျမှုနဲ့အတူ ဝမ်းနည်းခြင်းတို့ လှိုက်တက်လာသည်။
"ဂျွန်မြောင် ငါ့ကိုကြည့်..."
ဂျွန်မြောင် ခေါင်းခါလိုက်သည်။
"ငါနဲ့စကားမပြောချင်ဘူးလား၊ဒါဆို ငါပြန်တော့မယ်..."
"မဟုတ် မဟုတ်ဘူး၊မပြန်ပါနဲ့... "
ဂျွန်မြောင်က ထိုအခါ မျက်ရည်ဝဲနေသည့် မျက်လုံးလေးများနဲ့မော့ကြည့်ကာ အတင်းတားတော့သည်။
"ငိုနေတာလား ဘာလို့လဲ၊ကလေးလည်းမဟုတ်ဘဲနဲ့..."
"ဟင့်အင်း၊ငါမငိုပါဘူး..."
ဂျွန်မြောင်က ခေါင်းခါကာ ငြင်းဆန်သော်လည်း၊စီးကျလာသည့် မျက်ရည်များကြောင့် လက်ဖမိုးနဲ့ ပါးပြင်အား ကြမ်းတမ်းစွာ ပွတ်ဆွဲနေတော့သည်။ဆောင်းယွန်းက သက်ပြင်းချကာ မျက်နှာချင်းဆိုင်နေရာမှ ထကာ ဂျွန်မြောင်ဘေးတွင် ဝင်ထိုင်သည်။
"မငိုနဲ့တော့၊ငါက နည်းနည်းပင်ပန်းနေလို့ စကားပြောမာသွားတာပါကွာ၊ကလေးကျ