💜

223 27 0
                                    

Otp name-[XingHo]
Author name-[929Emily]

Perhaps Love

part-2

တစ်ယောက်အိပ် ကုတင်လေးရဲ့ပတ်ပတ်လည်မှာ မျိုးစုံသောအရုပ်တွေက နေရာယူထားသည်။
ကုတင်ပေါ်က ယုန်ရုပ်လေးဖတ်ပြီးထိုင်နေတဲ့ ဖြူဖြူသေးသေးကောင်လေးက ယုန်အရုပ်ကာတွန်းလေးတွေပါတဲ့ ခရမ်းရောင် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ အိပ်ချင်မူးတူးလေးနဲ့
ထိုင်လို့နေတယ်။

"ဂျွန်မြောင် ထတော့လေ၊ကိုယ် မင်းအတွက် သွားတိုက်တံပြင်ပေးထားတယ်..."

ဂျွန်မြောင်က မျက်လုံးတွေကို မဖွင့်ပဲ အလွတ်ရနေတဲ့ လမ်းအတိုင်း၊ ရေချိုးခန်းထဲဝင်ကာ သန့်စင်လိုက်သည်။သူ သန့်စင်ပြီးချိန်မှာတော့ ဂျီဟျွန်းက သူ့တို့အားလုံးအတွက် မနက်စာ ဝယ်ပြီး ပြန်လာပြီဖြစ်သည်။

"ဂျွန်မြောင် လာ လာ၊ စားကြရအောင်..."

ဂျွန်မြောင်က အဆင်သင့်ခင်းကျင်းထားသည့်
ဟင်းခွက်တွေရှေ့မှာ ဝင်ထိုင်လိုက်သည်။

"ဟမ်...ဒါ မာလာအနှစ်တွေနဲ့မဟုတ်လား၊ ဂျီဟျွန်း ငါမင်းကို အစပ်တွေ ဝယ်မလာပါနဲ့လို့ ပြောလိုက်တယ်လေ၊ ငါတို့ ဂျွန်မြောင်လေး စားမိရင် ဗိုက်နာကုန်တော့မှာပဲ..."

စကားနည်းတဲ့ ဆောင်းယွန်းက ဂျွန်မြောင်နဲ့ ပတ်သက်ရင်တော့ သူ့ကလေးကိုအထိမခံတဲ့ ဘဲမေကြီးလိုပဲ အကဲပိုလွန်းသည်။ယခုတွင်လည်း ပါးစပ်က ပြောသလို၊ ဟင်းခွက်ကိုလည်း ဂျွန်မြောင် မျက်စိရှေ့မှ ဖယ်ပြစ်လိုက်သည်။

"သိပါတယ် ဆောင်းယွန်းရာ၊ ငါစားမလို့ပါဟ.."

"မစားနဲ့ မင်းစားရင် ဂျွန်မြောင်တွေ့ပြီး သူပါ စားချင်လာလိမ့်မယ်.."

"လာ...ဒါလေးစား"

အရှေ့က နှစ်ယောက်က ရန်ဖြစ်နေတုန်းမှာပဲ
ရီရှင်းက အသားပေါက်စီအား ယူကာ ဂျွန်မြောင် နှုတ်ခမ်းရှေ့အရောက် တိုးပေးကာ ခွံ့နေလေသည်။ဂျွန်မြောင် နှုတ်ခမ်းလေး ဆူသွားသည်။

"ငါကလေးမဟုတ်တော့ဘူးနော်..မင်းတို့က ဘာဖြစ်နေတာလဲ..."

ဆူပုတ်ပုတ်လေးနဲ့ ခေါင်းလွှဲကာ၊ လက်ပိုက်ထားတဲ့ ယုန်အရုပ်လေးတွေနဲ့ ညအိပ်ဝတ်စုံ ဝတ်ထားတဲ့ ဂျွန်မြောင်ကို သုံးယောက်လုံး ပြိုင်တူကြည့်ကာ ပြုံးလိုက်မိသည်။အခုလို ချစ်စရာကောင်းအောင် စိတ်ကောက်နေတဲ့ အသေးလေးကိုမှ သူတို့က မသဲရင် ဘယ်သူ့ကို သွားသဲရပါမည်နည်း။
အဖွဲ့ထဲမှာ လူကောင်သေးပြီး၊ ချူချာသည့် အဖြူလုံးလေးကို ကျန်သုံးယောက်လုံးက အထိမခံနိုင်ဘဲ ပိုးမွေးသလိုဂရုစိုက်ကြသည်။

Perhaps - love (XingHo)[completed]Where stories live. Discover now