Otp name-[XingHo]
Author name-[929Emily]
💜Perhaps Love💜
part - 6
ဂျွန်မြောင်က အခန်းဝလေးကနေ မျက်လုံးတစ်လုံးထွက်ပြီး အခန်းထဲမှာ အတွင်းရေးမှူးနဲ့ ဆွေးနွေးနေတဲ့သူကို ခိုးကြည့်လို့နေတယ်။
ပုံမှန်အတိုင်းပဲ။အတိတ်မေ့သွားတယ်။သူ့ကို မေ့သွားတာက လွဲပြီး၊ထိုသူက အရင်အတိုင်းအကောင်းကြီးပါပဲ။
"ဂင်ဂျွန်မြောင်...ပြောစရာတစ်ခုခုရှိလို့လား.."
အတွေးလွန်နေတဲ့ဂျွန်မြောင်ကို လှမ်းမြင်သွားတဲ့ ရီရှင်းက အမေးစကားဆိုသည်။ဂျွန်မြောင်က လှစ်ကနဲ အမြန်ပုန်းလိုက်မိသည်။
သူစိမ်းလိုဆက်ဆံနေပြီး၊သူ့ကို ညီလေးတစ်ယောက်လိုသာ သဘောထားနေသည့် ယခုရီရှင်းပုံစံကို သူမကြိုက်ပါ။သူလည်း ပြန်မကြိုက်နိုင်သေးပေမဲ့၊အရင်ဆို မထိတထိ စနောက်သည်များကို ဂျွန်မြောင်က သဘောကျနေခဲ့တာ ဖြစ်သည်။ဆရာဝန်ကတော့ အရင်ကလုပ်ခဲ့ဖူးတဲ့အရာများကို တစ်ခုဆီပြန်လုပ်ရင်း မှတ်ဥာဏ်ဆွဲထုတ်ပါဟု ပြောသော်လည်း ၊ သိပ်ချစ်ပါသည်ပြောပြီး မေ့ပြစ်လိုက်သည့် ကျန်းရီရှင်းကို စိတ်ကောက်ပြီး၊တစ်ယောက်ထဲ ဆန္ဒပြလို့နေသည်။
"ဂျွန်မြောင်..."
"အောင်မလေး...လန့်လိုက်တာ၊မင်းက ဘယ်လိုလုပ် အသံမပေးဘဲ ပေါ်လာရတာလည်း..."
ဂျွန်မြောင်က သူ့ဘေးက စာကြည့်မျက်မှန်နဲ့ ရီရှင်းကို ကြိုဟောက်ကာ မျက်စောင်းထိုးလိုက်သည်။
"ကိုယ်ခေါ်နေတာကြာပြီလေ မင်းမကြားတာပါ..ကိုယ့်အမှားမှမဟုတ်ဘဲ ဘာလို့ကိုယ့်ကို အော်နေရတာလဲကွ ဟမ်..."
ဂျွန်မြောင်က သူ့ကို အတည်ကြီးဆူနေသည့် ရီရှင်းကို မျက်လုံးရွဲကြီးများဖြင့် မော့ကြည့်လာပြီး၊မျက်ရည်များကျဆင်းလာတော့သည်။
"အူးဝါး..မင်း မင်းငါ့ကို ဆူတယ်၊အရမ်းချစ်ပါတယ်ဆိုပြီး အတင်းယူထားတဲ့မင်းယောကျ်ား ငါ့ကို အခုတော့အော်ပြီပေါ့..ဟမ်..ငါမနေဘူး၊ဒီအိမ်ပေါ်က ဆင်းမယ်၊မာမားရေ မာမားသားကို ဒီလူဆိုးကြီးက ဆူနေတယ်လို့ အူးဝါး...."
