1

1.1K 38 5
                                    

Unicode

'' ဘယ်နှဲ့ကွာ...သားလေးတယောက်ရှိတာ အားကိုးရမယ်မရှိဘူး သူ့ဖြစ်တဲ့ရန်ပွဲတွေဘဲလိုက်ရှင်းပေးနေရတယ်.. ''

'' ဒယ်ဒီတို့ကလဲဗျာ..ကျတော်ကရှင်းခိုင်းတာလဲ မဟုတ် -''

'' သက်တံ့​နောင်! ! ''

အဖေဖြစ်သူရဲ့အော်သံခပ်စူးစူးကြောင့်ထိုကောင်လေးမျက်လုံးမှိတ်ချကာ နားပိတ်ပြီး ရင်ဘတ်နှလုံးသားရှိရာနေရာကိုအုပ်ထားလိုက်ကာ Over Reaction လေးလုပ်ပြလိုက်သည်။

'' ဖြည်းဖြည်းအော်ပါ...ဒယ်ဒီရာ ကျတော့်ရဲ့နှလုံးသားနုနုလေးလန့်သွားရင်ဒယ်ဒီတာဝန်ယူရမှာနော်.. ဟွန်း ''

'' တောက် ဒီကောင် ပြောလေဆိုးလေပါလား ကွ
မိုးမင်းသားတော်မောင်ကိုပြောဖို့အစီအစဉ်မရှိဘူးလား ဟမ်''

'' အော် ရှင်ကအရမ်းအော်တာကိုသား​လေးက
တကယ်လန့်သွားတာ့ဖစ်မှာပေါ့ ဖြည်းဖြည်း​ -''

'' မိုးသက်ခင် မင်းကပါတော်တော်ကဲနေတယ်ဟုတ်လား! ''

'' မောင် အခုမိုးကိုလာအော်နေတာလားး ''

'' ဟာ မိုးရာ မောင်ကမင်းကိုအော်ပါ့မလားကွာ...
မောင်ဟိုကောင့်ကိုပြောနေတာ အဲ့ကောင်လုပ်တာမောင်မကျေနပ်လို့ပါကွာ ''

'' သွားစမ်းပါ အခုမှသုခနောင်တို့များ လူကိုအော်လားဟောက်လားနဲ့ လုပ်တုန်းကလုပ်ပြီးတော့ ဘာမှလာမပြောနဲ့ ''

သက်တံ့နောင်ဆိုတဲ့ထိုကောင်လေး​ကြောင့်သူ့ဇနီးလေးသူ့ကိုစိတ်ဆိုးသွားပြီ...ဒါကိုမချိုမချဉ်ရုပ်နဲ့ထိုင်ကြည့်နေတဲ့ထိုသကောင့်သားလေးကိုဉီးသုခနောင်တို့ထုရိုက်ပစ်လိုက်ချင်တာများ...

ဒါပေမဲ့လဲအဲ့သကောင့်သားကိုလုပ်ချင်တိုင်းလဲလုပ်လို့မရ..
သူ့အရှေ့မှာရှိနေတဲ့ဇနီးသည်ကြောင့်ပေါ့..
ဒေါ်မိုးသက်ခင်တို့ကသူ့သားမျက်နှာတကမ်ဘာလေ..
ဒါကိုဟိုကောင်ကသိလို့ကန်းတတ်နေတာ..

ဒယ်ဒီနဲ့မာမီကသူ့ကိုဆုံးမနေရင်းနဲ့ Ro တဲ့ဘက်ကိုရောက်သွားပါပြီ။ ဒါကိုသက်တံ့နောင်တယောက်ပြုံးတုံးတုံးဖြစ်သာကြည့်နေတော့သည်။ မောင်နဲ့မိုး ကသားသမီးရှေ့လဲမရှောင်ချစ်ကြတာ။ ဒယ်ဒီရဲ့ပျော့ကွက်ကမာမီမိုးသက်ခင်မျက်နှာတချက်မှအညိုးမခံနိုင်တာပါ။ ဒါကိုသိတဲ့သက်တံ့နောင်အတွက်တော့
ဘဝကြီးကသာယာစမြဲပါဘဲ...

Love At Amsterdam Where stories live. Discover now