4

505 29 3
                                    

'' ဖွားဖွား ''

'' အံမယ်လေး ငါ့မြေးမလေး ယူရီယာ
လာပါဦး ဖွားဖွားဆီ မတွေ့ရတာကြာလို့လားး မသိ
ချောလာလိုက်တာကွယ် ဖွား​ဖွားကမြေးလေးကိုသတိရနေတာ ''

'' ဟီးး ဟုတ် မြိုင်လဲဖွားဖွားကိုသတိရနေတာပါ ''

''အံမယ်လေး ညာနေ​တယ်နော်..
ဖွားဖွားဖုန်းထဲက​ကြားနေရပါတယ်။
ယူရီကဖွားဖွားဆီမလာချင်ဘူးဆိုတာ ''

'' ဖွားဖွားဆီမလာချင်တာမဟုတ်ပါဘူး
မြန်မာကိုမခွဲချင်တာပါ ဟီးးး ''

'' အဲ့လိုဆိုဒီမှာဘယ်လောက်နေမှာလဲပြော ''

''ကျောင်းပိတ်မှပြန်မှာလေ ဖွားဖွား ''

'' ဟိုမှာဘဲကျောင်းတတ်မှာလားးး''

''ဟုတ်တယ်လေ ဖွားဖွားး ''

'' အော်..အင်းးးပါ မြေးရယ်

ဖွားဖွားကမျက်နှာလေးညိုးကျသွားပြီး
ထို့နောက် မြိုင်ဆံပင်တွေသပ်ကာ မြိုင့်မျက်နှာအား စိုက်ကြည့်ပြီး
ပြုံးးနေလေသည်။

'' အဟမ့် ဟမ့် ''

'' အမေ့ ''

ဖွားဖွားကကောင်းသံလွင်ရဲ့ချောင်းဟန့်ပြီးသူရှိသေးကြောင်း
ပြလိုက်သောအမူအရာတွင်လန့်သွားပြီးးမှကြည့်လိုက်တော့

'' သား သံလွင် ''

'' ဟွန့် ဒေါ်သွင်မြိုင်တို့များနော်..
မျက်နှာလိုက်တာလွန်ရော... နှစ်ယောက်တွဲလာတာမမကိုမြင်ပြီး
ကျတော့်ကိုကြမမြင်ဘူး ဘယ်လောက်ခံရခက်လဲ ''

'' အဲ့လိုမဟုတ်ပါဘူး သားရယ်
မင်းမမနဲ့ကမတွေ့တာကြာတော့သတိရနေလို့ပါကွယ်..
သားကကြအဖွားနဲ့အမြဲတွေ့နဲ့တာလေ ''

အဖွား၏စကားကြောင့်ကောင်းသံလွင်ကောသံစဉ်မြိုင်ကောမျက်နှာမှာအံသြမှုတွေ​အပြည့်...

'' ကျတော်ကအဖွားနဲ့ဘယ်တုန်းကတွေ့လို့လဲ..
အခုမှ -''

'' ညတိုင်းအိပ်မက်မှာတွေ့တယ်လေ မြေးရဲ့ ''

'' ဟားးးးး ဒီဖွားဖွားဗျာ ''

ဖွားဖွားရဲ့စနောက်မှုကြောင့်ကြီးမားတဲ့အိမ်ကြီးရဲ့ဧည့်ခန်းထဲတွင်
ရယ်သံများပြည့်နှက်သွားလေသည်..

Love At Amsterdam Where stories live. Discover now